NewsPolitic

ရေကြည်က ပွိုင့် ၂၂၇ ကုန်းက ကာကင်းစခန်း ၂ ခု AA ထပ်မံ သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၅ ဇူလိုင် ၂၀၂၆)

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၂၇ ကုန်းက ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော်က ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“အာရက္ခတပ်တော်ဟာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂/၃) ရက်နေ့တို့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ် (၂၂၇) ပွိုင့်ကုန်းရဲ့ ကာကင်းစခန်းကုန်း နှစ်ခုကို ရန်သူရဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ကြားက ထပ်မံ သိမ်းပိုက် ရယူနိုင်ခဲ့တယ်” လို့ အာရက္ခတပ်တော်က ဇူလိုင်လ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ (၂၂၇) ပွိင့်ကုန်း အနောက်ဘက် (၁.၁) ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားတဲ့ ပထမ ကာကင်းကုန်းနေရာနဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ၂၂၇ ပွိုင့်ကုန်းကနေ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) တို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇၊ ၁၉၊ ၂၁ ရက်များတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် (၂၈၈)၊ ပွိုင့် (၁၈၈) နဲ့ ပွိုင့် (၁၄၈) ကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ရယူခဲ့ပြီးနောက်တွင် တိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားပြီး ရွေးတုအစိုးရတပ်ဟာ အဆိုပါ ပွိုင့်ကုန်းများကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်အင်အားများကို ထပ်မံ ဖြည့်တင်းကာ ထိုးစစ်များကို မရပ်မနား ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ ကာကင်းစခန်းကုန်းသိမ်း တိုက်ပွဲများအတွင်း ရန်သူ့အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ပွိင့် (၂၂၇) ကုန်းက ထွက်ပြေးနေတဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းက တပ်သားတွေကို လိုက်လံ ချေမှုန်းနေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

Related posts

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း စကမ အသိပေး

Rakhita Times

လေးမျက်နှာတွင် AA နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

အာရက္ခပြည် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်နေသော ပညာရေးစနစ်

Rakhita Times

3 comments

Leave a Comment