NewsPolitic

ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံး/ဒဏ်ရာရခဲ့တဲ့ ပလက်ဝဒေသခံတွေကို AA က ငွေကျပ် ၂၀၃ သိန်း ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၄ အောက်တိုဘာ ၂၀၂၅)

အာရက္ခတပ်တော် ရဲ့ ပလက်ဝခရိုင် ပါတီဦးဆောင်ကော်မတီက ဦးဆောင်ပြီး စစ်ကော်မရှင်ရဲ့ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲချခံရပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိခဲ့တဲ့ ပလက်ဝဒေသခံတွေကို ငွေကျပ်၂၀၃ သိန်း ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကော်မရှင်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်မှာ အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသမီး ၂ ယောက်သေဆုံးပြီး ကလေးငယ်အပါအဝင် ၂၃ ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသွား ၂ ဦးအတွက် တစ်ယောက်ကို ငွေကျပ် ၁၅ သိန်းကျစီ ထောက်ပံ့ပြီး အဲဒီအထဲက ဒဏ်ရာပြင်းထန်သူကို ငွေကျပ် ၁၀ သိန်းစီနဲ့ အခြားဒဏ်ရာရလူနာတွေအတွက် ကျပ်ငွေ ၇ သိန်းစီကို ထောက်ပံ့ပေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထောက်ပံ့ငွေကျပ် ၂၀၃ သိန်းကို ပလက်ဝခရိုင်ပါတီကော်မတီက ဦးဆောင်ပြီး သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပါဝင် ကူညီထောင့်ပံ့ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ဟာ စက်တင်ဘာ တစ်လအတွင်းမှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က ကျောက်တော်၊ သံတွဲနဲ့ ချင်းပြည်နယ်က ပလက်၀တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တွေကနေ ရသေ့တောင်ကိုလည်း လက်နက်ကြီးတွေ ပစ်ခတ်တာတွေလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်ရဲ့ အာရက္ခဒေသက ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၂၀၂၅ ခုနှစ် စက်တင်ဘာလ တစ်လတည်းမှာကိုပဲ အာရက္ခပြည်သူ ၂၃ ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

Related posts

ကြောင်လျှာရွာအနီးက ရွေးတုအစိုးရ တပ်စွဲထားတဲ့ တောင်ကုန်း ၂ ခု AA သိမ်းပိုက်

Rakhita Times

မောင်တောတွင် ၅ နှစ်အောက်ကလေးတွေကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးနေ

Rakhita Times

ခွန်ဥက္ကာ ဦးစီးသော PNLO-NCA-S သည် တရားမဝင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ကြေညာ

Rakhita Times

3 comments

Ernestdeern စက်တင်ဘာ 10, 2026 at 12:53 မနက်

Подготовка начинается с консультации. В клинике врач собирает анамнез, выясняет, сколько лет сохраняется алкоголизм, как часто возникают запои и как организм переносит отказ от алкоголя. Если болезнь продолжается 5 лет, 10 лет, 15 лет или дольше, тактика лечения может различаться. Врач учитывает болезни сердца, печени, головного мозга, сахарный диабет, гепатит, перенесенный инсульт и нарушения психики. Лечение алкоголизма у людей, которые употребляли спиртное много лет, требует внимательного контроля.
Получить больше информации – https://kodirovanie-ot-alkogolizma-shchelkovo3.ru/

Reply
BrianClofs စက်တင်ဘာ 23, 2026 at 7:35 ညနေ

При выездной помощи обычно выполняется несколько этапов:
Изучить вопрос подробнее – vyvod-iz-zapoya-na-domu-kruglosutochno

Reply
Jamesrex အောက်တိုဘာ 4, 2026 at 9:55 ညနေ

Вывод из запоя в Краснодаре требуется, когда длительное употребление алкоголя приводит к ухудшению самочувствия и самостоятельно прекратить пить не получается. Наркологическая помощь включает осмотр, капельницу и дальнейшее лечение алкоголизма. Врач оценивает состояние, стаж употребления, возраст, хронические заболевания и решает, возможно ли лечение на дому или требуется стационар.
Ознакомиться с деталями – нарколог на дом вывод из запоя

Reply

Leave a Comment