Uncategorized

မြောက်ဦးက ရေမြုပ်ခဲ့တဲ့ သောက်ရေကန်တွေကို ပြန်လည်တူးဖော်ပေးနေ

အာရက္ခတိုင်းမ်စ် (၁၈ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်အတွင်း ရေနစ်မြုပ်ခဲ့တဲ့ သောက်ရေကန်တွေကို ပြန်လည် အသုံးပြုနိုင်ရန် ပြုပြင် တူးဖော်ပေးနေတယ်လို့ သိရပါတယ်။

“မြောက်ဦးမှာတော့ ၁၆ ရက်က စပြီးတော့ ရေမြုပ်သွားတဲ့ သောက်ရေကန်တွေကို နှုန်းဆယ်တာ၊ ရေစုပ်ထုတ်တာ လုပ်ပေးနေတယ်။ ဘယ်နှစ်ကန်လောက် ရေမြုပ်သွားလဲဆိုတာကိုတော့ စာရင်းကောက်နေတယ်။ အတိအကျတော့ မသိရသေးဘူး။ ရေမြုပ်သွားတဲ့ ကန်တိုင်းကိုတော့ တူးဖော်ပေးဖို့ အစီအစဉ်ရှိတယ်။ မြန်မြန်လုပ်လေ နွေအတွက် အဆင်ပြေလေဆိုတော့ တတ်နိုင်သမျှတော့ မြန်မြန် ဆန်ဆန် လုပ်ပေးမှာပါ” လို့ မြောက်ဦမြို့နယ် ရေဘေးကူညီရေးကော်မတီစင်တာမှ တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သောက်ရေကန် ပြန်လည် ပြုပြင် တူးဖော်ပေးခဲ့တဲ့ ကျေးရွာကတော့ ရက္ခိုင်ပြည် မြောက်ဦးမြို့နယ် ဒုံးဘွေရွာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သောက်ရေကန် ပြုပြင် တူးဖော်မှုကို မြောက်ဦးမြို့နယ် ရေဘေးကူညီရေးကော်မတီစင်တာ မှ တာဝန်ရှိသူများ၊ DLEPS ဌာန၊ မီးသတ်တပ်ဖွဲ့များနဲ့ ရွာသူရွာသားများ စုပေါင်းပြီး လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ကျောက်တော်မြို့နယ်က ရွှေတလှည်း၊ စပါးဆိပ် နဲ့ စပါးဆိပ် (သီရိ) ကျေးရွာက သောက်ရေကန်တွေကိုလည်း ဇူလိုင်လ ၁၅ ရက်က ပြန်လည် အသုံးပြုနိုင်ရန် ပြုပြင် တူးဖော်ပေးခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေမှာ တင်ကျန်ရစ်ခဲ့တဲ့ နှုန်းနဲ့ အမှိုက်တွေကိုလည်း သန့်ရှင်းရေး လုပ်ဆောင်‌ပေးနေတယ်လို့ သိရပါတယ်။
Photo-APM

Related posts

ပွဲကြိုက်တဲ့ စစ်တွေသားတွေအတွက် စကမ က သီတင်းကျွတ်ပွဲတော် ကျင်းပပေးမယ်

Rakhita Times

AA အနေနဲ့ စစ်ကောင်စီကို များများဖိပြီး တိုက်ထားရမယ်

Rakhita Times

အာရက္ခတပ်တော်က ရက္ခိုင်နယ်စပ်အားလုံးကို ထိန်းချုပ်

Rakhita Times

Leave a Comment