NewsPolitic

ပုဏ္ဏားကျွန်းကို ရွေးတုအစိုးရ ဗုံးကြဲ၊ သံဃာတော် ၂ ပါး အပါအဝင် ၃ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ည ၆ နာရီခွဲလောက်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံးကြဲသွာတာ၊ ဘုန်းကြီး ၂ ပါးနဲ့ လူ ၁ ‌ယောက် ထိခိုက်သွားတယ်။ ကျောင်းလည်း ပျက်စီးသွားတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဖြူကန်ရွာ နဲ့ ယာချောင်းရွာ အကြား တောင်ပေါက်အနားရှိ ဧဟိပဿိကော ဘုန်ကြီးကျောင်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောှင့် သက်တော် ၂၅ နှစ်ရှိ အသျှင် ဥတ္တရ၊ အသက် ၂၆ နှစ်အရွယ် မောင်မျိုလွင် နဲ့ သက်တော် ၄၅ နှစ်ရှိ အသျှင် သုမင်္ဂလ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ရွေးတုအစိုးရဟာ တောင်ကုတ်မြို့နယ် မအီမြို့ကိုလည်း ဒီကနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး သံတွဲမြို့ကိုလည်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
Photo-APM

Related posts

ပလက်ဝတွင် ရွာချင်းဆက် လူကူးတံတားတစင်း HDCO ဆောက်လုပ်ပေး

Rakhita Times

ကျောက်တော် ဗုံးကြဲခံရမှုတွင် အမျိုးသားတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၀ ဦးထိ ရှိလာ

Rakhita Times

စကမ နေဗီက ငပလီဒေသခံ ငါးဖမ်းသမား ၅ ဦးကို ဖမ်းဆီး၊ စက်လှေသိမ်းပြီး နေဗီပေါ်ကနေ ပင်လယ်ထဲကန်ချ

Rakhita Times

Leave a Comment