NewsPolitic

တောင်ကုတ်မြို့တွင် အမျိုးသားတစ်ဦးကို နေအိမ်အတွင်း မူးယစ်ဆေးဝါးနဲ့ ဒီလပ်ဖမ်းမိ

အာရက္ခတိုင်းမ်စ် (၂၀ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့တွင် အမျိုးသားတစ်ဦးကို နေအိမ်အတွင်းမှာ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အဆိုပါ အမျိုးသားမှာ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊ အောင်မင်္ဂလာလမ်းမှာ နေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ်ရှိ ဦးကျော်ထွန်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ နေအိမ်မှာ မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ သတင်းရတာကြောင့် သက်ဆိုင်ရာ ဒီလပ်တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲ့တကွ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်၊ ညနေ ၅ နာရီ၊ ၃၀ မိနစ်မှာ ဝင်ရောက် ရှာဖွေခဲ့ရာ အကြည်ရောင် ပလပ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ အကြည်ရောင်အခဲ (ICE ဟုယူဆရ) (၄) ထုပ်၊ အကြည်ရောင် အခဲအထုပ်ကြီး (၁) ထုပ်၊ VILVEL စာတန်းပါ စက္ကူဘူးခွံမှာ ထည့်ထားတဲ့ အပြာရောင်ကပ်ခွာအိတ်ထဲမှာ WY စာတန်းပါ အုတ်မှုန့်ရောင် မူးယစ်ဆေးပြား (၂၀၀) ပြားပါ (၄) ထုပ်၊ (၁၃) ပြားပါ (၁ )ထုပ် တို့ကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုး (၃၇၉၉၅၀၀) ကျပ် ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မူးယစ်ဆေးဝါး ရောင်းချရန် လက်ဝယ်ထားရှိတာကြောင့် မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) အရ ဖမ်းဆီး အရေးယူထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ဥပဒေပုဒ်မ ၁၉ (က) ဟာ ထောင်ဒဏ်အနည်းဆုံး (၁၀) နှစ်မှ အများဆုံး နှစ်အကန့်သတ်မရှိ ချမှတ်နိုင်တယ်လို့ အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Related posts

ရသေ့‌တောင်မြို့နယ် ဗုံးကြဲခံရမှု နေအိမ်နှစ်ဆောင်ထက်မနည်း ပျက်စီး

Rakhita Times

Breaking News

Rakhita Times

AA အနေနဲ့ သိမ်းပိုက်နယ်မြေ ပြန်မပါဖို့ ကာတိုက် တိုက်နေရမယ်လို့ ဦးကြီးမြင့်ပြော

Rakhita Times

Leave a Comment