NewsPolitic

ငပလီကို ဗုံး ၃ လုံး ကြဲခံရလို့ ပြည်သူ ၅ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၃ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့နယ်ကို ရွေးတုအစိုးရတပ်က ဒီကနေ့ နေ့လည် ၁ နာရီကျော်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဂျိတ်တော်က ပုလဲ ဘက ကျောင်းကို နှစ်လုံးနဲ့ လင်းသာက တည်းခိုခန်းတစ်ခုကို ကျတယ်။ ကလေးလေးအပါ ၅ ဦး ဒဏ်ရာ ရတယ် နေအိမ်တွေလည်း တော်တော်လေးကို ပျက်စီးသွားတယ်” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ကြဲချလိုက်တဲ့ ဗုံး ၂ လုံးဟာ ငပလီမြို့ ဂျိတ်တောရပ်ကွက် ပုလဲရတနာ (ဘက) ကျောင်းနဲ့ နောက်ထပ် ဗုံး ၁ လုံးဟာ လင်းသာရပ်ကွက် AZ Family ကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တော ၅ ရပ်ကွက်နေ အသက် ၁ နှစ်အရွယ် ‌မောင်လင်းထက်ပိုင်၊ သက်တော် ၅၀ ရှိ အရှင် ခေမာနန္ဒ၊ အသက် ၅၃ နှစ်အရွယ် ဒေါ်ညိုထွေး၊ အသက် ၅၃ နှစ်အရွယ် ဦးဝင်းအောင်နဲ့ မောင်အောင်ကိုလင်း ဖြစ်တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ဟာ ဇူလိုင်လ ၁၉ ရက်ကလည်း သံတွဲမြို့ကို ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့လို့ ဒေသခံပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ရွေးတုအစိုးရဟာ တောင်ကုတ်မြို့နယ် မအီမြို့ကိုလည်း ဇူလိုင်လ ၁၉ ရက်မှာပဲ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထပ်မံပြီး ပုဏ္ဏားကျွန်းမြို့ကိုလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
Photo – APM

Related posts

နပခ ရုံးစိုက်ထားတဲ့ အမ်းမြို့ဆိုတာ..

Rakhita Times

စစ်တွေမှာ ထင်းအစား လောင်စာတောင့်ကို အသုံးပြုလာနေကြ

Rakhita Times

ပလက်ဝတွင် ရွာချင်းဆက် လူကူးတံတားတစင်း HDCO ဆောက်လုပ်ပေး

Rakhita Times

Leave a Comment