NewsPolitic

ရက္ခိုင်စားဖိုမှုးအသင်းက ကိုအောင်ချစ်ဦး ရုတ်တရက် ကွယ်လွန်

အာရက္ခတိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၆)

ရက္ခိုင်စားဖိုမှူးအသင်း (Rakhine Chefs Association (RCA)) နဲ့ မြန်မာစားဖိုမှူးအသင်း (Myanmar Chefs Association (MCA)) ရဲ့ အသင်းဝင် ကိုအောင်ချစ်ဦးဟာ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ဇူလိုင်လ ၂၆ ရက် မနက်အစောပိုင်းက ကားစီးရင်း ရုတ်တရက် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

“နှလုံးဖောက်တာလို့တော့ သိရတယ်။ အလောင်းကတော့ မြောက်ဥက္ကလာက မေဒါဝီဆေးရုံ ရောက်နေပြီ ကြားပါတယ်။ ကျနော်တို့တော့ သွားနေပါပြီ” လို့ ကိုအောင်ချစ်ဦးရဲ့ မိတ်ဆွေတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကွယ်လွန်သွားတဲ့ ကိုအောင်ချစ်ဦးဟာ ရက္ခိုင်ပြည် သံတွဲတွင် မွေးဖွားခဲ့သူတစ်ဦးဖြစ်ပြီး ဟိုတယ်များတွင် စားဖိုမှူလုပ်သက် နှစ် ၂၀ ကျော်ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

“ကိုအောင်ချစ်ဦး ကွယ်လွန်သွားတယ်လို့ သိရှိရလို့ အထူးပဲ စိတ်မကောင်း ဖြစ်ရပါတယ်။ ကိုအောင်ချစ်ဦးဟာ မြန်မာ့အချက်အပြုတ်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး၊ လုပ်ဖော်ကိုင်ဖက်များရဲ့ ချစ်ခင်လေးစားမှုကို အမြဲရရှိခဲ့တဲ့ Chef တစ်ဦးလည်း ဖြစ်ပါတယ်” လို့ သူ့ရဲ့ မိတ်ဆွေတစ်ဦးကလည်း ဆိုပါတယ်။

ကိုအောင်ချစ်ဦးဟာ ရက္ခိုင်အစားအစာတွေ အများပြည်သူများ ပိုမိုသိရှိအောင် ရက္ခိုင်ပြည် သံတွဲမြို့နယ် မြို့တော်ခန်းမတွင် အစားအသောက်ချက်ပြိုင်ပွဲတွေနဲ့ ရက္ခိုင်ပြင်ပနေရာတွေက အစားအသောက် ချက်ပြုတ်ပြိုင်ပွဲတွေမှာ တက်ကြွစွာ ပါဝင် လုပ်ဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ လျှပ်စစ်မီးပြန်ပေးဖို့အတွက် မီတာတွေ လာကောက်နေ

Rakhita Times

AA ရဲ့ ခုခံစစ်နဲ့ တန်ပြန်စစ်ကြောင့် ရွေးတုတပ် အကျအဆုံးနဲ့ တပ်လန်ဆုတ်သွား

Rakhita Times

AA က တစ်လအတွင်း အမတ ၃၄၄ နားက ကာကင်း ၆ ခု သိမ်းပိုက်

Rakhita Times

Leave a Comment