NewsPolitic

AA ထိုးစစ်ကို ခုခံရန် သာပေါင်းကို စစ်ကား ၇ စီးနဲ့ အင်အားထပ်ဖြည့်

အာရက္ခတိုင်းမ်စ် (၃ သြဂုတ် ၂၀၂၆)

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံရန်အတွက် ရွေးတုအစိုးရာ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ကို စစ်ကား ၇ စီးနဲ့ အင်အား ထပ်မံဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“ပုသိမ်မြို့ အရှေ့ဖက်က စက်ကြီးဒေါင့်ဆိပ်ကမ်းကို စစ်ယာဉ်တန်း ၇ စီးနဲ့ ထပ်မံ အင်အား ဖြည့်တင်းလာခဲ့ပြီး တပ်အမှတ်နဲ့ အင်အားကိုတော့ စိစစ်နေဆဲ ဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ရက္ခိုင်ပြည် ဂွမြို့နယ်အစပ်က ရွေးတုအစိုးရတပ် လက်လွှတ်ဆုံးရှုံးထားရတဲ့ စခန်းကုန်းတွေဖက်ကို ရွှေ့လျား သွားနေတယ်လို့လည်း သိရပါတယ်။

“အကြမ်းဖက်တပ်ဟာ ရက္ခိုင်မြေကို တိုက်စစ်ဆင်နေခြင်းမျိုး မဟုတ်တော့ဘဲ အာရက္ခတပ်ရဲ့ တန်ပြန်တိုက်စစ်ကို မျှော်လင့်ပြီး ကြောက်လန့်တကြားနဲ့ ခံစစ်ပြင်နေရခြင်းမျိုးသာ ဖြစ်နေပါတယ်။ နတခ (အနောက်တောင်တိုင်းစစ်ဌာနချုပ်) နယ်မြေအတွင်းမှာ ခြေလျင်‌ခြေမြန် တိုက်ခိုက်ရေးတပ်ရင်း ၁၃ ရင်း ရှိပြီး တပ်မ ၆၆ ရဲ့ လက်အောက်ခံတပ်ရင်းတွေကို ဖြည့်တင်းထားရတာကိုလဲ တွေ့ရပါတယ်။ အာရက္ခတပ်ဟာ လေးမျက်နှာ သာပေါင်း ရေကြည် စတဲ့ မြို့နယ်တွေ အတွင်းမှာသာ စစ်ရေးတင်းမာနေတာဖြစ်ပြီး မြို့ တော် ပုသိမ်ကိုပါ ကြိုတင်ပြီး ခံစစ်ပြင်ထားရပြီ ဖြစ်ပါတယ်” လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ထဲက ကာကင်းတချို့ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလကတည်း သိမ်းပိုက်ထားလို့ သာပေါင်းတပ်ရင်းက စစ်ဆင်ရေးကွပ်ကဲနေတဲ့ တပ်ရင်းမှူး ၁ ယောက်နဲ့ စစ်ဗျူဟာမှူး ၁ ယောက်ကို ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ စစ်ကော်မရှင်က ဖမ်းဆီးစစ်ဆေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

Related posts

မုဒိန်းမှု ကျူးလွန်သူကို အမြန်ဆုံး တရားစီရင်ပေးရန် ဗိုလ်ချုပ်ကတော် တောင်းဆို

Rakhita Times

အာရက္ခတပ်တော်ရဲ့ စစ်ကောင်စီ အလုံးစုံချုပ်ငြိမ်းရေး ရာနှုန်းပြည့် အောင်မြင်နိုင်

Rakhita Times

သံတွဲ နဲ့ တောင်ကုတ်က ရပ်ကွက် နဲ့ ရွာ အချို့ ရေစတင် နစ်မြုပ်နေ

Rakhita Times

Leave a Comment