NewsPolitic

ငပလီကို ဗုံး အလုံး ၆၀ နီးပါး ရွေးတုအစိုးရ ကြဲချ

အာရက္ခတိုင်းမ်စ် (၃ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တော်ရပ်ကွက်ကို ရွေးတုအစိုးရက ဒီကနေ့ မနက်ပိုင်းမှာ လေယာဉ်အုပ်စုလိုက်နဲ့ ဗုံး အလုံးရေ ၆၀ နီးပါး ကြဲချခဲ့တယ်လို့ သိရပါတယ်။

“မနက် ၁၀ နာရီခွဲ ပတ်ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာတွေရော၊ Y-12 တွေရော အုပ်စုလိုက်ကို လာကြဲသွားတာ။ ကမ္ဘာပျက်နေသလိုကို ဖြစ်သွားတာ။ တဝုန်းဝုန်း တဒိုင်းဒိုင်းပဲ။ တကယ်ကို ငရဲကျနေသလိုပဲ” လို့ ငပလီမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ငပလီမြို့ ဂျိတ်တော် အမှတ် ၉ ရပ်ကွက်က အနည်းဆုံး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၅ အိမ်ခန့်နဲ့ တည်းခိုခန်း ၁ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၂၃ ရက်ကလည်း ရွေးတုအစိုးရဟာ ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့ ဂျိတ်တော ၅ ရပ်ကွက် နဲ့ လင်းသာရပ်ကွက်ကို ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ပုလဲရတနာ (ဘက) ကျောင်းနဲ့ AZ Family တည်းခိုခန်း ပျက်စီးခဲ့ပါတယ်။

အလားတူ ဇူလိုင်လ ၃၁ ရက် ညနေဖက်ကလည်း ရက္ခိုင်ပြည် သံတွဲမြို့နယ် ရွှေလှေကျေးရွာကို ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး ကြဲချခဲ့လို့ မိသားစု ၃ ဦး အပါ ပြည်သူ ၄ ဦး သေဆုံးခဲပြီး ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

Related posts

ဘင်္ဂလီတွေ နေရပ်ပြန်ဖို့ AA နဲ့ ဆွေးနွေးဖို့ ကုလ ပြောတဲ့အပေါ် ဒေါက်တာအေးမောင် ဘာပြောလဲ

Rakhita Times

မာန်အောင်ကိုလာတဲ့ လေယာဉ်ကို မဖြစ်မနေကြိုဆိုရန် မာန်အောင်ထွေအုပ် အမိန့်ထုတ်

Rakhita Times

မတ်လ ၂ ရက် လွတ်ငြိမ်းတွင် ရက္ခိုင်တွင် နိုင်ကျဉ်း နှစ်ဦးသာပါ

Rakhita Times

Leave a Comment