NewsPolitic

ရွေးတုအစိုးရရဲ့ ထိုးစစ်တိုင်းကို ဆင့်ကဲကွပ်ကဲမှု ကောင်းကောင်းနဲ့ တိုက်နိုင်ခဲ့တယ်လို့ AA ဆို

အာရက္ခတိုင်းမ်စ် (၅ သြဂုတ် ၂၀၂၆)

ရွေးတုအစိုးရတပ်ရဲ့ ထိုးစစ်တိုင်းကို ဆင့်ကဲ ကွပ်ကဲမှု ကောင်းကောင်းနဲ့ တိုက်ပွဲတိုင်းကို တိုက်နိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

“ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်၏ ထိုးစစ်တိုင်းကို ရဲရင့်ပြောင်မြောက်သော သတ္တိတို့နှင့်အတူ ခုခံစစ်များအား ဆင့်ကဲ ကွပ်ကဲမှု ကောင်းကောင်းဖြင့် တိုက်ပွဲဝင်နိုင်ခဲ့သော အာရက္ခစစ်သည်တော်များကို မိမိတို့ စစ်ရုံးချုပ်မှ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်” လို့ အရက္ခတပ်တော်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ရွေးတုအစိုးရတပ်ဟာ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ခုခံနိုင်ခြင်းအပေါ် အခုလို့ ထုတ်ပြန် ဂုဏ်ပြုတာလည်း ဖြစ်ပါတ်။

သြဂုတ်လ ၂ ရက်မှာ အာရက္ခတပ်တော်နဲ့ ဂွမြို့နယ်ကို ထိုးစစ်ဆင်လာတဲ့ ရွေးတုအစိုးရတပ်ရဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၊ ခလရ ၁၁ တပ်ရင်းတို့နဲ့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ရုံးပင်ကျေးရွာအနီးတွင် ၂ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ တိုက်ပွဲကို ရွေးတုအစိုးရတပ်က ဒရုန်းနဲ့ မြေပြင်ပစ်ကူ အများအပြား အသုံးပြုပေမယ့် မိမိတို့ဖက်က အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့လို့ ရန်သူဟာ အထိအခိုက် အကျအဆုံးများနဲ့ တပ်ပြန်ဆုတ်သွးပြီး ရန်သူ့အလောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အလားတူ ဩဂုတ်လ ၁ ရက်ကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာတွင် အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ ၂ နာရီနီးပါး တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သေးခဲ့ပြီး အဆိုပါတိုက်ပွဲတွင်လည်း မိမိတို့ဘက်က ရန်သူ့လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

ရွေးတုအစိုးရဟာ မြေပြင်တိုက်ပွဲများတွင် အထိအခိုက် အကျအဆုံးများကာ အသာစီးမရတာကြောင့် သူတို့ဲ့ အားသာချက်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုများကိုသာ အရှိန်မြှင့်ပြီး အားပြု တိုက်ခိုက်လျက် ရှိနေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

ဓာတ်ပုံ-၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်၊ ရုံးပင်ကျေးရွာ အနောက်မြောက်ဘက် (၃.၇) နှင့် (၃.၃) ကီလိုမီတာခန့်အကွာတိုတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သော ရန်သူ့အလောင်းအချိုနှင့် လက်နက်ခဲယမ်းအချို့

Related posts

စကမက ရက္ခိုင်တောင်ပိုင်းကို စစ်ရေးပြနေတာဟာ စစ်မြှူတာသာဖြစ်

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (အပိုင်း – ၁၇)

Rakhita Times

AA အပါ မြောက်ပိုင်း ၃ ဖွဲ့ ပြန်စဉ်းစားရမယ့် အနေအထားရှိ

Rakhita Times

Leave a Comment