NewsPolitic

အဝတောင်ကို စစ်ကြောင်ထိုးလာတဲ့ ရွေးတုတပ် ၂၀ ကျော်ကျပြီးနောက် တပ်ဆုတ်ထွက်ပြေး

အာရက္ခတိုင်းမ်စ် (၁၃ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းကနေ အဝတောင်စခန်းဘက်ကို ရွေးတုအစိုးရတပ်က အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကို အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်လို့ အင်အား ၂၀ ကျော် သေဆုံးပြီးနောက် တပ်ဆုတ် ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

“၁၁ ရက်က အင်အား ၂၀၀ ကျော်နဲ့ အဝတောင်ဖက်ကို ထိုးလာတာ။ တပ်တော်က ကြားဖြတ်တိုက်တာ ၂ ရက်မှာ အလောင်း ၂၀ ကျော် ရလိုက်တယ်။ အခုတော့ စစ်တပ်က တပ်ပြန်ဆုတ်သွားပြီ။ တပ်လန်သွားပြီ” လို့ ‌မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ဟာ မင်းပြင်၊ သိုင်းချောင်း၊ ဒိုးတန်းတောင်၊ အဝတောင် စတဲ့နေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“အရင်ရက်တွေက စစ်ကြောင်းမထိုးဘူး။ စစ်တပ်က သူတို့ အထိုင်ချတဲ့နေရာကနေ တပ်တော်ရှိမယ်ထင်တဲ့ နေရာတွေကို ဒရုန်းတွေ လက်နက်ကြီးတွေနဲ့ ပစ်တာ။ ခုက မနေ့ညကဆို တော်တော်ကို ပြင်းပြင်းထန်ထန် ပစ်ခတ်သံတွေ ကြားရတယ်။ ဒီနေ့တော့ ပြန်ဆုတ်သွားလို့ သိပ်မကြားရတော့ဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ ကျောက်ဖြူမြို့နယ်က အာရက္ခတပ်တော် ထိန်းချုပ်ရာ နယ်မြေတွေကို ပြန်လည် ထိုးစစ်ဆင်ရန်အတွက် သြဂုတ်လ ၂ ရက်က စစ်သင်္ဘောတွေနဲ့ ခမ-၅၄၂၊ ခမရ-၅၄၃ နဲ့ အမှတ် ၃၂ ရဲတပ်ရင်းတို့ကို အင်အားဖြည့်တင်းခဲ့ပါတယ်။

Related posts

တောင်ကုတ်မြို့တွင် အမျိုးသားတစ်ဦးကို နေအိမ်အတွင်း မူးယစ်ဆေးဝါးနဲ့ ဒီလပ်ဖမ်းမိ

Rakhita Times

AA ကို ‘ဝ’ က လက်နက်ထောက်ပံ့ပေးတာ မဖြစ်နိုင်၊ သူ့ဘာသာ သူ ဝယ်သုံးတာ ဖြစ်နိုင်

Rakhita Times

ကျောက်တော်တွင် အသင်းတော် ၅ သင်း စုပေါင်းပြီး အီစတာပွဲတော် (ရှင်ပြန်ထမြောက်ပွဲ) ကျင်းပ

Rakhita Times

Leave a Comment