HealthNewsPolitic

ဘူးသီးတောင်တွင် ULA/AA က မြေပြင်ဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုပေး

အာရက္ခတိုင်းမ်စ် (၁၆ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က သြဂုတ်လ ၁၄ ရက်မှာ မြေပြင်ကျေးရွာထိ ကွင်းဆင်းပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

“၁၄ ရက်နေ့က ရွာ ၃ ရွာက ဒေသခံပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးတယ်။ အသိပညာပေး ဟောပြောတာတွေလည်း လုပ်ဆောင်ပေးခဲ့တယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မြေပြင် ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တဲ့ ကျေးရွာတွေကတော့ ဘူးသီးတောင်မြို့နယ်က ဘိုကလေး ရွာသစ်နဲ့ ရွာဟောင်း၊ ကြောင်ဇာရွာ စတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေရှိ စစ်ဘေးရှောင်များကို မျက်စိကုသစစ်ဆေးပေးခြင်း၊ သွားရောဂါဝေဒနာရှင်များကို ကုသပေးခြင်းနဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Related posts

AA ရဲ့ လက်နက်ကြီးကြောင့် စစ်သင်္ဘော ၃ စီးမှာ ၁ စီး မီးလောင်နစ်မြုပ် ၁ စီး မီးခိုးအူပြီး ထွက်ပြေး

Rakhita Times

ရက္ခိုင်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ကို ဗိုလ်ချုပ်ဖိတ်ခေါ်

Rakhita Times

အာရက္ခပြည်သူ့အစိုးရအနေနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာသင်တန်း ဖွင့်လှစ်

Rakhita Times

2 comments

Leave a Comment