NewsPolitic

မင်းတုန်းကနေ ရက္ခိုင်ကို အင်အား ၁၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်ရန် ရွေးတုတပ် ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၂၂ သြဂုတ် ၂၀၂၆)

မကွေးတိုင်း မင်းတုန်းမြို့နယ် အနောက်ခြမ်းကနေ ရက္ခိုင်ကို ထိုးစစ်ဆင်ရန် ရွေးတုအစိုးရတပ်က အင်အား ၁၀၀၀ ကျော်နဲ့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်အစီး ၁၀၀ ကျော်မှာ ခန့်မှန်းအင်အား ၂,၅၀၀ ၀န်းကျင်ခန့်ဟာ သရက်မြို့နယ် ကပစ ၁၂ ကို ၀င်ရောက်လာပြီး ခန့်မှန်းအင်အား ၁,၂၀၀ ၀န်းကျင်က မင်းတုန်းမြို့ဘက်သို့ ဦးတည်ထွက်ခွာနေတယ်” လို့ သရက်ခရိုင် ပကဖ တာ၀န်ခံ ကိုဗဟိန်းက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရွေးတုအစိုးရတပ်ဟာ အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၁၂ ) ကို ပို့ဆောင်ပြီးနောက် ဒီကနေ့ (ဩဂုတ် ၂၂ ရက်) မှာ မင်းတုန်းမြို့ကို စတင် ၀င်ရောက်နေပြီလို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ သရက်အခြေစိုက် ခလရ (၄၄)၊ ကပစ (၁၂) နဲ့ လပခ လက်အောက်ခံတပ်တွေ ပါဝင်တဲ့ အင်အား ၁ ထောင်ကျော်ဟာ ဧပြီလ ၁၈ ရက်က စတင်ပြီး မကွေးတိုင်း သရက်-မင်းတုန်း လမ်းကနေ စတင် ဝင်ရောက်လာပြီး အာရက္ခတပ်တော် ထိန်းချုပ်ရာ နယ်မြေတွေကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

အလားတူ ရွေးတုအစိုးရတပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦး ဦးဆောင်တဲ့ အင်အား ၁၀၀၀ ကျော် ပါရှိတဲ့ စစ်ကြောင်းဟာ ဇွန်လဆန်းကလည်း ထပ်မံ ထိုးစစ် ဆင်ခဲ့ပါတယ်။

Related posts

စစ်တွေမှာ ကုန်တင် သင်္ဘော ၃ စီးတောင် ရောက်နေ

Rakhita Times

ထိုင်း-ကမ္ဘောဒီးယား စစ်ရေးကြား မြန်မာမှန်းသိသာအောင် နေထိုင်ဖို့ လိုအပ်

Rakhita Times

စစ်ကောင်စီရဲ့ ဒရုန်းကြောင့် ဦးကင်းရွာ ရွာလုံးကျွတ်မီးလောင်

Rakhita Times

1 comment

Leave a Comment