NewsPolitic

စစ်တွေထောင်က လွတ်လာတဲ့ နိုင်ကျဉ်း ၄၀ ခန့်ကို ထောင်ဘူးဝတွင် ပြန်ဖမ်း

အာရက္ခတိုင်းမ်စ် (၂၂ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နယ် စစ်တွေထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အပါအဝင် လူ ၄၀ ခန့်ကို သြဂုတ်လ ၁၄ ရက်က လွှတ်ပေးခဲ့ပြီး ထောင်ဘူးဝတွင်ပဲ ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“ကျနော်တို့လည်း ပြန်လွတ်မလားလို့ စောင့်ကြည့်နေတာ။ ဒီနေ့ အထိက ပြန်မလွှတ်ပေးဘူး။ အားလုံးပေါင်း ၄၀ လောက် ရှိတယ်။ လွတ်ပြီး ပြန်ဖမ်းတာမှာ နိုင်ကျဉ်က အများစုပဲ။ မတရားအသင်း ဆက်သွယ်မှုနဲ့ ထောင်ချခံထားရသူတွေလေ။ တချို့လည်း ဧည့်စာရင်းစစ်ခံရရင်း အဖမ်းခံရသူတွေလည်း ပါတာပေါ့” လို့ စစ်တွေမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ ၁၀၂၇ စတင်ပြီးနောက်ပိုင်းမှာ ရက္ခိုင်ပြည်က အမျိုးသားနဲ့ အမျိုးသမီး ရာနဲ့ချီဖမ်းကာ အာရက္ခတပ်တော်နဲ့ ဆက်သွယ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီး ထောင်ချခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နေ့ရက်တချို့မှာတော့ ရွေးတုအစိုးရဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးလေ့ ရှိပေမယ့် ရက္ခိုင်အကျဉ်းသားတွေကိုတော့ အနည်းငယ်သာ လွှတ်ပေးခဲ့ပါတယ်။

အလားတူ ရွေးတုအစိုးရတပ်ဟာ ဇွန်လကလည်း ကျောက်ဖြူထောင်ကနေ လွတ်ရက်စေ့နဲ့ လွတ်လာတဲ့ အကျဉ်းသား ၇ ဦးကို ပြန်မလွှတ်ပေးဘဲ ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Related posts

ကွက်လပ်များကိုဖြည့်စွက်ရန် လမ်းစသစ်များကို မြင်လာခြင်းနဲ့ အတူပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ခြင်း (ပထမပိုင်း)

Rakhita Times

မြောက်ဦးတွင် သုံးစွဲရန် မသင့်တော်တဲ့ အလှကုန်ရောင်းဆိုင် ၉ ဆိုင်နဲ့ သက်တမ်းကုန် အလှကုန်ရောင်းဆိုင် ၃ ဆိုင် စစ်‌ဆေးတွေ့ရှိ

Rakhita Times

တောင်မော်ကြီးရေတပ်အနီး တိုက်ပွဲ ရွေးတုအစိုးရဘက်က အကျအရှုံးများနေ

Rakhita Times

1 comment

Leave a Comment