NewsPolitic

AA စနိုက်ဘာလက်ချက်နဲ့ ကပစ ၁၆ တိုက်ပွဲတွင် ဗိုလ်မှူးတစ်ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၆ စက်တင်ဘာ ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီး တိုက်ပွဲတွင် အာရက္ခတပ်တော်ရဲ့ စနိုက်ဘာလက်ချက်ကြောင့် ရွေးတုအစိုးရတပ်က ဗိုလ်မှူးတစ်ဦး စက်တင်ဘာလ ၁၅ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ရွေးတုအစိုးရတပ်က ဗိုလ်မှူးကတော့ ဝေကမ္ဘာစိုး (ခ) ဝေယံလင်း ဖြစ်ပြီး အသက်အားဖြင့် ၃၇ နှစ်အရွယ် ဖြစ်တယ်လို့ သိရပါတယ်။

“ကိုဝေယံလင်း ဆုံးသွားတာ သေချာပါတယ်။ သူက ဗေဒင်လည်း ဟောတယ်၊ ၂ လုံး ၃ လုံးတွေလည်း ပေးတယ်။ သူ့ကို ယုံတဲ့သူတွေများတယ်။ စိတ်တော့ မကောင်းဘူးပေါ့” လို့ သေဆုံးသွားတဲ့ ဗိုလ်မှူး ဝေကမ္ဘာစိုး (ခ) ဝေယံလင်း ရဲ့ မိတ်ဆွေတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၆ ခုနှစ် မေလဆန်းကတည်းက ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီး မသုန်ရွာနား ပွိုင့် ၅၀၀ ဗျူဟာကုန်းအနီးက ကာကင်းစခန်း ၄ ခုကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထားပါတယ်။

အဆိုပါ ကာကင်းစခန်းကို ရွေးတုအစိုးရတပ်ရဲ့ စကစ (၁၀) လက်အောက်ခံ ခမရ (၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉ ) တပ်ရင်းများက စုပေါင်းပြီး ခုခံခဲ့သော်လည်း လက်လွှတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Related posts

လင်းသာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြု အမျှဝေ

Rakhita Times

ပြည်ထောင်စုလမ်းမကြီးကို ညီနောင်မဟာမိတ်နဲ့အတူ AA ကူညီ လမ်းပြင်ပေးနေ

Rakhita Times

ထီဖွင့်ရန် ၅ ရက်အလိုကတည်းက ရက္ခိုင်တွင် ထီ (လောင်ဘော်) ရောင်းကုန်နေ

Rakhita Times

Leave a Comment