NewsPolitic

သံတွဲ ခမောင်းတုန်းရွာကို စစ်ကောင်စီ ဗုံးကျဲ၊ ဘုန်းတော်ကြီးကျောင်းပျက်စီး၊ ကျောင်းထိုင်ဆရာတော် နဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ

သံတွဲ ခမောင်းတုန်းရွာကို စစ်ကောင်စီ ဗုံးကျဲ၊ ဘုန်းတော်ကြီးကျောင်းပျက်စီး၊ ကျောင်းထိုင်ဆရာတော် နဲ့ ကိုရင်တစ်ပါး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၆-အောက်တိုဘာ-၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့နယ် ခမောင်းတုန်းရွာကို အောက်တိုဘာလ ၂၅ ရက် ညနေ ၄နာရီကျော်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကျဲသဖြင့် ခမောင်းတုန်းဘုန်တော်ကြီးကျောင်း ပျက်စီးသွားပြီး ကျောင်းထိုင်ဆရာတော် နဲ့ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာ ရကြောင်း သိရပါတယ်။

“ လေယာဥ်လာသံကြားလို့ ထွက်ပြေးပြီးပုန်းနေကြလို့ မသေကြတာ။ ဘုန်းကြီးကျောင်းကို တည့်တည့်ကျလို့ ကျောင်းကတော့ ရစရာမရှိလိုက်ဘူး။ ဆရာတော်ဘုရားကြီး နဲ့ ကိုရင်ငယ်တစ်ပါးတော့ ဒဏ်ရာရတယ်” လို့ ခမောင်းတုန်းရွာသားတစ်ဦးက အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။

အလားတူ အောက်တိုဘာလ ၂၄ရက် မနက် ၄နာရီကျော်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်မှ ဗုံးကျဲမှုကြောင့် သံတွဲမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့လည်း ပျက်စီးခဲ့ပါတယ်။

ရက္ခိုင်ပြည်တောင်ပိုင်း သံတွဲ နဲ့ ငပလီမြို့ဟာ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိနေသော မြို့ဖြစ်ကြီး စစ်ကောင်စီမှ လေယာဥ်ဖြင့် မကြာခဏ လာရောက်ဗုံးကျဲချနေခြင်းလည်း ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက သံတွဲမြို့ ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီရဲ့ လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို မကြာခဏ လေယာဥ်ဖြင့် ဗုံးလာကျဲခြင်းပြုလုပ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြောင့် ဇူလိုင်၊ သြဂုတ် နှင့် စက်တင်ဘာလ ၃ လ အတွင် ပြည်သူ ၁၂၄၄ ဦး သေဆုံးခဲ့ကြောင်း ညဏ်လင်းသစ်သုတေတေအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Related posts

ဦးမြင့်ဆွေ တကယ် ဆုံးပြီ

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-က)

Rakhita Times

ရက္ခိုင်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း ပြန်စလာနိုင်

Rakhita Times

2 comments

PVC pipe မတ် 21, 2026 at 11:45 မနက်

I appreciate the transparency about what didn’t work. Too many posts only showcase success stories without honest failures. PVC pipe

Reply
rent yacht montenegro 246 မေ 6, 2026 at 1:14 မနက်

yacht charter Montenegro https://rent-a-yacht-montenegro.com

Reply

Leave a Comment