NewsPolitic

သံတွဲမြို့နယ်ကို ရွေးတုတပ် လေကြောင်းကနေ ဗုံး ၁၁ လုံး ကြဲချ

အာရက္ခတိုင်းမ်စ် (၁၈ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းကို စက်တင်ဘာလ ၁၈ ရက် မွန်းလွဲ ၁၁ နာရီခွဲနီးပါးမှာ ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၁၁ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးတွေဟာ သံတွဲမြို့နယ် သစ်ငုတ္တိုရွာ ဘုန်းကြီးကျောင်းအနောက်ဘက် လယ်ကွင်းနဲ့ အုန်းမြေရွာအနီးက နယ်မြေတောင်ကြောတွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။

အဆိုပါ ဗုံးကြဲခံရမှုရဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ ထိခိုက် ပျက်စီးမှုကိုတော့ အသေးစိတ် မသိရသေးပါဘူး။

ရွေးတအစိုးရတပ်ဟာ ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ‌စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်း ၃ နာရီခန့်မှာလည်း လေကြောင်းက ထပ်မံပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ မနက် ၁၀ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ သက်ကြီးအမျိုးသမီး ၁ ဦးနဲ့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဓာတ်ပုံ – ပုံဟောင်း

Related posts

စနဲကို ရွေးတုအစိုးရ စစ်ကြောင်းထပ်ထိုး၊ AA တိုက်ခိုက်မှုကြောင့် အကျအဆုံးနဲ့ နောက်ပြန်ဆုတ်

Rakhita Times

“အမေရိကန်က ပုန်ကန်မှုနှိမ်နင်းရေးနဲ့ တည်ငြိမ်ရေးလုပ်ငန်းတွေကို အာရုံကျနေချိန်မှာ တရုတ်နဲ့ အိန္ဒိယလို အင်အားကြီးနိုင်ငံတွေဟာ အခြေခံအဆောက်အဦ၊ နည်းပညာနဲ့ ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်”

Rakhita Times

စစ်ကောင်စီကို အပြီးတိုင်ဖြုတ်ချနိုင်မှ တိုက်ပွဲရှောင်တွေ နေရပ်ပြန်နိုင်မယ်

Rakhita Times

Leave a Comment