NewsPolitic

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၉ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်ကို စက်တင်ဘာလ ၁၈ ရက် မနက် ၁၁ နာရီခွဲခန့်မှာ ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံး ၁၁ လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရေးတုအစိုးရတပ် ဗုံးကြဲလို့ ထိခိုက် ဒဏ်ရာရရှိသူကတော့ သံတွဲမြို့နယ်၊ အိုးမြေရွာက အသက် ၂၀ အရွယ် ကိုခန့်မင်းသူ ဖြစ်ပါတယ်။

ရွေးတုအစိုးရတပ်ဟာ သံတွဲမြို့နယ်အတွင်းရှိ သစ်ငုတ်တို၊ ကျေးပင်နဲ့ အိုးမြေရွာ အနီးဝန်းကျင်တွေကို လေကြောင်းကနေ ဗုံးကြဲချခဲ့တာဖြစ်ပြီး ဗုံးစထိမှန်တာကြောင့် ကိုခန့်မင်းသူရဲ့ ဘယ်ဘက်ပေါင်မှာ ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရပါတယ်။

ရွေးတအစိုးရတပ်ဟာ ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို ‌စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်း ၃ နာရီခန့်မှာလည်း လေကြောင်းက ထပ်မံပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ အလားတူ မနက် ၁၀ နာရီခွဲခန့်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ သက်ကြီးအမျိုးသမီး ၁ ဦးနဲ့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ အခုရက်ပိုင်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားနေပုံများကို သုံးသပ်ချက်အရ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် လက်နက်ကြီးရန်များကို အထူးသတိထားကြရန် လေကြောင်းအချက်ပြမှုများကို သတိထား စောင့်ကြည့်ပြီး နိုးနိုးကြားကြားနဲ့ အချင်းချင်း သတိပေးကြရန်နဲ့ လက်နက်ကြီးရန် လေကြောင်းရန်များကို အထူးသတိထားထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

Related posts

၁၇ နှစ်မြောက် AA နှစ်ပတ်လည်နေ့အတွက် ရက္ခိုင်အစည်းအရုံး (ဂျပန်) ဂုဏ်ပြုသဝဏ်လွှာပေးပို့

Rakhita Times

သမ္မတ ဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်လာ

Rakhita Times

တောင်ကုတ်တွင် သူခိုး နဲ့ သူခိုးလက်ခံ ၂၉ ယောက် DLEPS ဖမ်းဆီးရမိ

Rakhita Times

Leave a Comment