NewsPolitic

သစ်ပုတ်တောင်တန်းကို စစ်ကောင်စီက ဗုံး ၂ လုံး လာကြဲ တိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ အဉ္ဇနပူရမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီးက တောင်တန်းတစ်နေရာကို စစ်ကောင်စီက ဒီကနေ့ မွန်းလွဲပိုင်းမှာ လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်လောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးဟာ အဉ္ဇနပူရမြို့ပေါ်မှာ ဝဲပျံပြီးနောက် သစ်ပုတ်တောင်ကျေးရွာ အရှေ့ဘက် တောင်တန်းဆီကို ဗုံး ၂ လုံး ကြဲချခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ စက်တင်ဘာလ ၂၁ ရက် နံနက် အစောပိုင်း ည ၁ နာရီနဲ့ အာရုံတက် ၅ နာရီခွဲခန့်မှာလည်း စစ်ကောင်စီတပ်ဟာ ဝီရဌာနီမြို့နယ်၊ တောင်ဖူးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။

သစ်ပုတ်တောင်ကျေးရွာနားက တောင်တန်းတွေကို ပြီးခဲ့တဲ့ မေလ ၇ ရက်တုန်းကလည်း ဂျက်ဖိုက်တာ ၃ စီးနဲ့ Y-12 လေယာဉ် ၂ စီး အသုံးပြုပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။

စစ်ကောင်စီဟာ စက်တင်ဘာလ ၄ ရက်နေ့ကစလို့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းကို စစ်အင်အား ၁,၀၀၀ ကျော်နဲ့ ထိုးစစ်ဆင်ခဲ့ပေမဲ့ အာရက္ခတပ်တော်ရဲ့ တုံ့ပြန်မှုကြောင့် အထိနာနေတာမို့ အရပ်သား ပြည်သူတွေရှိရာ နေရာတွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးပြီး ဆက်တိုက် တိုက်ခိုက်နေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်း တိုက်ခိုက်မှုအန္တရာယ် ပိုမိုမြင့်မားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အထူးသတိပြု ကြိုတင်ကာကွယ်ကြဖို့ အာရက္ခတပ်တော် (AA) က အသိပေး နှိုးဆော်ထားပါတယ်။

Related posts

ရေကြည်မှာ စစ်ရေးရှုံးနိမ့်နေလို့ ကွင်းကောက်ကို ရွေးတုအစိုးရ စစ်ကား ၁၀ စီး အင်အားဖြည့်တင်း

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၂ သြဂုတ် ၂၀၂၅)

Rakhita Times

ငပလီကမ်းခြေကနေ စစ်ကောင်စီနေဗီ ၃ စီး မြင်နေရလို့ ဒေသခံတွေ စိုးရိမ်နေ

Rakhita Times

Leave a Comment