NewsPolitic

ကျောက်ဖြူတိုက်ပွဲတွင် ဒုတိယဗိုလ်မှူးကြီး ၁ ဦး AA စနိုက်ဘာကြောင့် သေဆုံး

အာရက္ခတိုင်းမ်စ် (၁၂ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းအနီးက အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတို့ တိုက်ပွဲအတွင်း ရွေးတုအစိုးရတပ်ရဲ့ ဒုတိယဗိုလ်မှူကြီး စိုးထွေးဟာ အာရက္ခတပ်တော်ရဲ့ စနိုက်ဘာလက်ချက်နဲ့ သေဆုံးသွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

“ဒီသတင်းက ဟုတ်လောက်တယ်ဗျ။ ဗိုလ်မှူးကြီး စိုးထွေးဆိုတာက ခမရ ၅၄၂ က တပ်ရင်းမှူးပဲ။ သတင်းက ကျယ်ကျယ်ပြန့်ပြန့်ကို ထွက်နေတာဆိုတော့ ဟုတ်လောက်ပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒုတိယဗိုလ်မှုးကြီး စိုးထွေးဟာ စစ်တက္ကသိုလ် (DSA) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၇ ဆင်း ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လက ‌ကျောက်ဖြူကို တာဝန်နဲ့ ရောက်ရှိလာတာလို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ စံပယ်ရှောင်ကုန်း၊‌ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနဲ့ ရေနံသူကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး နောက်ဆုံးလက်ကျန်ဖြစ်တဲ့ စစ်ရေးအရ မဟာဗျူဟာကျတဲ့ ရွာဟောင်းတောင် ဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်က ဆက်လက် ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရတပ်ဟာ တော်မော်ကြီးရေတပ်စခန်းကို စစ်တွေမြို့ကနေ ဇွန်လ ၈ ရက်က စစ်သင်္ဘော ၃ စီးနဲ့အတူ တပ်သား အင်အား ၃၀၀ ကျော် ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း ရွေးတုအစိုးတပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ကြီးရေတပ်စခန်း၊ အမှတ် (၃၂) ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။

Related posts

မြောက်စမ်းအမြောက်တပ်မှ စစ်ကား အများအပြား ပုသိမ်ကိုသွား၊ ဒဏ်ရာရ စစ်သားတွေကို သယ်ထုတ်တာဖြစ်နိုင်

Rakhita Times

ကြက်ကို အစိမ်းလိုက် စားသောက်ပြတဲ့ နတ်ကတော်ကို ကဖို့ ပါမစ် ပိတ်

Rakhita Times

ကျောက်တော် ဗုံးကြဲမှု ဖြစ်စဉ်ကို ဘယ်လို တုန့်ပြန်သင့်သလဲ

Rakhita Times

19 comments

Leave a Comment