BusinessNewsPolitic

ULA/AA နဲ့ MTP တို့ တွေ့ဆုံဆွေးနွေး၊ နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ်

အာရက္ခတိုင်းမ်စ် (၂၅ စက်တင်ဘာ ၂၀၂၆)

မီဇိုရမ်မြို့နယ် ဆိုင်းဟားရှိ MTP ဌာနချုပ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက် မနက် ၆ နာရီခွဲအချိန်က ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) နဲ့ MTP တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါ တွေ့ဆုံပွဲကို ULA/AA ဘက်က နယ်စပ်ဆက်ဆံရေးအရာရှိ (Border Relation Officer) ဖြစ်တဲ့ ချိုနိုင်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး (County Administrator) ဖြစ်တဲ့ နန်းဇင်တို့ တက်ရောက်ခဲ့ကြပြီး၊ MTP ဘက်ကလည်း တာဝန်ရှိတဲ့ အလုပ်အမှုဆောင် (OB) တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးမှုအတွင်း ရက္ခိုင်နဲ့ မရာ လူမျိုးနှစ်ဦးကြား ချစ်ကြည်ရေး ပိုမိုတိုးမြှင့်ဖို့နဲ့ ပူးပေါင်းလက်တွဲမှုကို မြှင့်တင်သွားဖို့ နှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။ ဒါ့အပြင် ယာယီရပ်ဆိုင်းထားခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေကိုလည်း ယခုအခါ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ခိုင်ခီရွာ စက်လှေကြီးကြပ်ရေးကော်မတီရုံးးကို ရက္ခိုင်ဘက်မှ စက်လှေမောင်းသမား ကိုဇော်နိုင်လင်းက စက်လှေအလှည့်ကျစနစ်နဲ့ ပတ်သက်ပြီး သွားရောက်မေးမြန်းရာမှ MTP အဖွဲ့ဝင်တစ်‌ဦးနဲ့ အပြန်အလှန် စကားများရန်ဖြစ်ပြီး သူ့ကို လက်သီးနဲ့ထိုးခဲ့လို့ ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကျေနပ်လို့ ကိုဇော်နိုင်လင်းဘက်မှ လူငယ်အယောက် (၃၀) ခန့် ခေါ်ဆောင်လာကာ MTP ရုံးကို အုပ်စုလိုက် သွားရောက် ဖျက်ဆီးပြီး မီးရှိရန်အထိ ကြိုးပမ်းခဲ့ကြသလို MTP ရုံးလူငယ်များမှလည်း ပလက်ဝဘက်အခြမ်းရှိ ဈေးဆိုင်တန်းများကို ဖျက်ဆီးခဲ့ပြီး အနီးရှိ လူတစ်ဦးကိုပါ ရိုက်နှက်သွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟားခရိုင်၊ ခိုင်ခီကျေးရွာ ဆိပ်ကမ်းမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Related posts

ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းအတွက် သိန်း ၃၂၀ တန်ဖိုးရှိ အရေးပေါ်လူနာတင်ယာဉ် လှူဒါန်းပေး

Rakhita Times

မောင်တောတွင် ဒိုင်းနက် ရိုးရာ ပန်းမျှောပွဲ ကျင်းပ

Rakhita Times

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်လာနိုင်

Shine Bu Chay

Leave a Comment