NewsPolitic

ကျောက်တော်မြို့ ဗုံးကြဲခံရမှု ပြည်သူ (၃၃) ဦးခန့် သေဆုံး၊ (၃၆) ဦး ဒဏ်ရာရ (AA ထုတ်ပြန်)

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နဲ့ အိန္ဒိယဈေးဝန်းကျင်ကို ဒီကနေ့ (စက်တင်ဘာလ ၂၈ ရက်) နေ့လယ်ပိုင်းက စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း အရပ်သားပြည်သူ သေဆုံးမှုမှာ လက်ရှိအချိန်အထိ (၃၃) ဦးခန့် ရှိလာပြီဖြစ်တယ်လို့ အာရက္ခတပ်တာ်က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် အခုလို ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နောက်ထပ် ထိခိုက်ဒဏ်ရာရရှိသူ (၃၆) ဦးအထိ ရှိလာခဲ့ပြီ ဖြစ်ပြီး၊ ပြင်းထန် ဒဏ်ရာရရှိထားသူများလည်း ပါဝင်နေတဲ့အတွက် သေဆုံးစာရင်းမှာ ထပ်မံ တိုးလာနိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။

ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု ဖြစ်စဉ်များအနက် မြောက်ဦးပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရပြီးနောက်ပိုင်း အရပ်သားပြည်သူများ အစုလိုက် အပြုံလိုက် သေဆုံးရတဲ့ အများဆုံး ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

အာရက္ခတိုင်းမ်စ် သတင်းဌာနအနေနဲ့ ကျောက်တော်မြို့ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှု အခြေအနေများကို ဆက်လက် စုံစမ်း တင်ဆက်ပေးသွားမှာလည်း ဖြစ်ပါတယ်။
Photo – One Nation News (ဓာတ်ပုံများကို အာရက္ခတိုင်းမ်စ် Telegram Channel တွင် ကြည့်ရှုနိုင်ပါသည်။)

Related posts

ပေါက်တောကို ဗုံး ၅၀ကျော်ကြဲခံရ၊ ပြည်သူ ၄ ဦး သေဆုံး

Rakhita Times

ရက္ခိုင်မှာ AA ကို တိုက်ခိုက်နိုင်တဲ့ အဖွဲ့မရှိ

Rakhita Times

အာရက္ခမျိုးဆက်သစ် လက်နက်ကိုင် တော်လှန်ရေး ဝိညာဉ်စတင်ခဲ့ခြင်း

Rakhita Times

Leave a Comment