NewsPolitic

ကျောက်တော်၊ မြောက်ဦး အစပ်ကို စစ်ကောင်စီ လေယာဉ်အုပ်စုလိုက် ဗုံးကြဲနေ(Breaking News)

အာရက္ခတိုင်းမ်စ် (၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်အစပ်ကို စစ်ကောင်စီက ဒီကနေ့ နေလည် ၁ နာရီလောက်က လေယာဉ်အုပ်စုလိုက်ဲ့ လာရောက် ဗုံးကြဲနေတယ်လို့ သိပါတယ်။

“ဇီးချောင်းဖက်ကို အုပ်စုလိုက် ကြဲနေပါတယ်။ လမ်းမတော်ဖက်နဲ့ ဇီးချောင်းဖက်ကို ကြဲနေပါတယ်” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် စစ်ကောင်စီတပ်ဟာ ကျောက်တော်မြို့ရှိ လူမျိုးဘာသာမရွေး ဈေးရောင်းဝယ်ဖောက်ကားရာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးတစ်ဝိုက်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးသူငယ်များနဲ့ ကိုယ်ဝန်ဆောင် မိခင်များအပါအဝင် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး၊ ထိခိုက် ဒဏ်ရာရရှိသူ ၅၀ ကျော်အထိ ရှိခဲ့ပါတယ်။

အလားတူ စစ်ကောင်စီဟာ ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာလ ၃၀ ရက်၊ ည ၉ နာရီအချိန်ကစတင်ပြီး ဂျက်ဖိုက်တာ တစ်စီးပြီး တစ်စီး လာရောက်ကာ ဗုံးကြဲချ တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က (စက်တင်ဘာ ၃၀) ည ၉ နာရီကျော်နောက်ပိုင်းကနေ ညသန်းခေါင်အချိန်အထိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဝီရဋ္ဌာနီမြို့နယ်တို့ကိုပါ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရစာရင်းကို ဆက်လက် စုံးစမ်းနေပါတယ်။

Related posts

ပုဏ္ဏားကျွန်းမှာ အရေးပေါ် ရေကန်တူးရန် လိုအပ်နေ

Rakhita Times

စစ်ရှောင်ကလေးမိခင်တွေနဲ့ ကလေးငယ်တွေ အာဟာရ လုံလောက်စွာမရရှိ

Rakhita Times

သစ်ပုတ်တောင်တန်းကို စစ်ကောင်စီက ဗုံး ၂ လုံး လာကြဲ တိုက်ခိုက်

Rakhita Times

Leave a Comment