NewsPolitic

ဗျာလ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲ၊ ၇ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၄ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုနဲ့ ယိုးငူကျေးရွာကြားရှိ ယိုးငူ၊ ဗျာလ စစ်ဘေးရှောင်စခန်းကို ဒီကနေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့် နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ်များနဲ့ ဈေးဆိုင်အများအပြား ပျက်စီး မီးလောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ စစ်ဘေးရှောင် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးကာ ဒဏ်ရာရရှိသူများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စာရေးဆရာ ဝေဟင်အောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားပြီး၊ အာရက္ခတပ်တော်အနေနဲ့ အသေးစိတ် သတင်းကို ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံများကို အာရက္ခတိုင်းမ်စ် Telegram Channel တွင် ကြည့်ရှုနိုင်ပါသည်)

Related posts

ယိုးငူဖြစ်စဉ်မှာ ထိခိုက်ခဲ့သူတွေ စားဝတ်နေရေး အခက်ကြုံနေ

Rakhita Times

အဝေးရောက် သက္ကမအဖွဲ့တွေက ရက္ခိုင်နဲ့ သက္ကမကြား မီးလောင်ရာ လေပင့် လုပ်ဆောင်နေ

Rakhita Times

Breaking News

Rakhita Times

Leave a Comment