အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ ည ၉ နာရီကျော်ကစတင်ပြီး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ကနဦး သတင်းရရှိပါတယ်။
“အခု လောလောဆယ်တော့ ၃ လုံးရှိသွားပြီ။ အပေါ်မှာတော့ ဝဲနေတုန်းပဲ။ ဘယ်နေရာတွေဆိုတာတော့ မသိသေးဘူး။ အခုလည်း ဗုံးခိုကျင်းထဲ ပုန်းနေရတုန်းပါ” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောသည်။
အသေးစိတ်အခြေအနေကို အာရက္ခတိုင်းမ်စ်က ဆက်လက်စုံစမ်းနေပြီး အတည်ပြုနိုင်တာနဲ့ ထပ်မံ ဖော်ပြပေးသွားပါမ။
