NewsPolitic

မလေးရှားက ပြန်ပို့ခံရတဲ့ မြန်မာလုပ်သား ၁,၄၇၆ ဦးတွင် ရက္ခိုင်လူမျိုး နှစ်ရာကျော်ပါဝင်

အာရက္ခတိုင်းမ်စ် (၆ အောက်တိုဘာ ၂၀၂၆)

မလေးရှားနိုင်ငံက ပြန်လည်ပို့ဆောင်မယ့် မြန်မာလုပ်သား ၅,၀၀၀ ကျော်အနက် ပထမအသုတ်အဖြစ် လုပ်သား ၁,၄၇၆ ဦးကို အောက်တိုဘာလ ၄ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူတို့အထဲတွင် ရက္ခိုင်လူမျိုး ၂၂၀ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ပြန်လည်ရောက်ရှိလာသူများအနက် တချို့ကို သံလျင်သာသနာ့ဗိမာန်တွင် ယာယီနေရာချထားပေးရာ အဆိုပါ ဗိမာန်အတွင်းရှိသူများမှာ ရက္ခိုင်လူမျိုးများ အများစု ပါဝင်နေတယ်လို့ BBC ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ရက္ခိုင်ဒုက္ခသည်တချို့ကို စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး (လဝက) က UID စိစစ်ရေးကတ်များ ထုတ်ပေးနေပြီး ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်နေမှုကို အကြောင်းပြကာ နေရပ်ကို ချက်ချင်း ပြန်မပို့ဆောင်ဘဲ ချန်လှပ်ထားတယ်လို့လည်း သိရပါတယ်။

သူတို့အနက် တချို့မှာ မိသားစုများနဲ့ အဆက်အသွယ် ရရှိကြသော်လည်း တချို့မှာ အဆက်အသွယ် မရသေးကြောင်းလည်း သိရပါတယ်။

မလေးရှားမှ စစ်သင်္ဘောသုံးစီးနဲ့ ခေါ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁,၄၇၆ ဦးဟာ ရန်ကုန်ကို ရောက်ရှိလာပြီးနောက် နေရာ ၁၄ ခုတွင် ခွဲခြား နေရာချထားပေးထားတာလည်း ဖြစ်ပါတယ်။

သက်ဆိုင်ရာ နေရပ်ဒေသများကို ပို့ဆောင်ပေးမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားသော်လည်း မိသားစုဝင်များနဲ့ နာရီပိုင်းခန့်သာ တွေ့ဆုံခွင့်ပေးပြီး YBS ဘတ်စ်ကားများနဲ့ သီးခြား ခေါ်ဆောင်သွားခဲ့လို့ မိသားစုဝင်များက စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

မလေးရှားနိုင်ငံက ငွေကြေး၊ လူမှုရေးနဲ့ လုံခြုံရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကြောင့်လို့ဆိုပြီး ရွှေ့ပြောင်းလုပ်သား ၃,၅၀၀ ကျော် ပါဝင်တဲ့ ဒုတိယအသုတ်ကို ဆက်လက် ပြန်ပို့ရန် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်တွင် AA က ART ဆေး နဲ့ TB ဆေး အခမဲ့ဖြန့်ဝေ

Rakhita Times

ပြည်သူ့စစ်မှုထမ်းဥပဒေ ဆက်လက် အကောင်ထည်ဖော်သွားမယ်လို့ ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်ပြော

Rakhita Times

အာရက္ခတိုင်းပြည်ကာကွယ်ရီး နန့် ရက္ခိုင်လူမျိုးရို့ ၏ အနာဂါတ်

Rakhita Times

Leave a Comment