NewsPolitic

လေကြောင်းလှုပ်ရှားမှုကို သတိပြုရန်နဲ့ လုံခြုံရာနေရာတွင် နေထိုင်ကြရန် AA တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၆ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်များနဲ့ အရပ်သားနေရာများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူများအနေနဲ့ လေကြောင်းလှုပ်ရှားမှုတွေကို အထူးသတိပြုကြရန်နဲ့ လုံခြုံရာနေရာတွေမှာ နေထိုင်ကြရန် အာရက္ခတပ်တော်က အောက်တိုဘာလ ၅ ရက်မှာ အထူးတိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။

အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်တွင် လက်ရှိရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ လူမျိုး၊ ဘာသာမရွေး အပြစ်မဲ့အရပ်သားပြည်သူများ၊ ရဟန်းသံဃာများ၊ ကိုယ်ဝန်ဆောင်များနဲ့ ကလေးသူငယ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်လာနေလို့ အရပ်သားပြည်သူများအနေနဲ့ လေကြောင်းရန်ကို အချိန်တိုင်း၊ စက္ကန့်တိုင်း အမြဲသတိထားနေထိုင်ကြရန် လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နဲ့ ၅ ရက်အတွင်း ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များအပါအဝင် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါကြောင့် ပြည်သူများအနေနဲ့ လေယာဉ်အသံများကို ကြားပါက ချက်ချင်းသတိပြုကြရန်နဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ ဗုံးခိုကျင်းများနဲ့ လုံခြုံရာနေရာကို အမြန်ဆုံး ဝင်ရောက်နေထိုင်ကြရန်၊ ညအချိန်တွင် မီးအလင်းရောင် လျှော့ချရန်နဲ့ လူစုလူဝေးဖြင့် စုဝေးနေထိုင်ခြင်းကို ရှောင်ရှားကြရန် အာရက္ခတပ်တော်က ထပ်မံတိုက်တွန်းထားပါတယ်။

လက်ရှိတွင် ရက္ခိုင်ပြည်အနှံ့ စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်ချေရှိလို့ ပြည်သူများအနေနဲ့ အထူးသတိပြုနေထိုင်ကြရန် လိုအပ်တယ်လို့လည်း သိရပါတယ်။

Related posts

ပွိုင့် ၂၂၇ က ထွက်ပြေးတဲ့ တပ်သားအလောင်းနဲ့ လက်နက်ခဲယမ်း AA ထပ်မံ ရရှိ

Rakhita Times

နတ်ရေကန် မကျစေရန် စကမ အင်အားအများအပြား ဖြည့်တင်းနေ

Rakhita Times

ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများကို လေးနက်စွာ တန်ဖိုးထားတယ်လို့ AA ဆို

Rakhita Times

Leave a Comment