NewsPolitic

BREAKING – တောင်ကုတ်ကို စကစ က ဂျက် ၅ စီးနဲ့ ဗုံး ၁၈ လုံးခန့် ကြဲချတိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၆ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ကို ဒီကနေ့ မနက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၅ စီးခန့်နဲ့ ဗုံးအလုံးရေ ၁၈ လုံးခန့် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အလုံးရေက ၁၈ လုံး၊ ဂျက်က ၅ စီးထင်တယ်။ အများပြည်သူတွေ နေတဲ့နေရာတော့ မထိခဲ့ပါ” လို့ တောင်ကုတ်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်ကို ဂျက်ဖိုက်တာများနဲ့ တစ်နာရီကျော်ကြာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အသေးစိတ် အခြေအနေကို အာရက္ခတိုင်းမ်စ်က ဆက်လက် စုံစမ်းနေပြီး အတည်ပြုနိုင်တာနဲ့ ထပ်မံ ဖော်ပြပေးသွားပါမယ်။

Related posts

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

Rakhita Times

စစ်တွေမှာ မိုးတွင်းကာလကထက် အလုပ်အကိုင်တချို့ ပြန်ရလာ

Rakhita Times

ဇူလိုင်လကုန် အပြောင်းအလဲက စစ်ကောင်စီအတွက် အဓိကကျ

Rakhita Times

Leave a Comment