NewsPolitic

အသက်မပြည့်သေးတဲ့ လူငယ်တစ်ဦးကို ULA/AA မိဘများထံ ပြန်လည်အပ်နှံ

အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်တွင် အသက် ၁၅ နှစ်အရွယ် သက္ကမလူငယ်တစ်ဦးဟာ မိမိဆန္ဒအလျောက် အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန် အောက်တိုဘာလ ၁ ရက်က ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်ဘက်က စစ်ဆေးချက်အရ အဆိုပါလူငယ်ဟာ အသက်မပြည့်သေးတာကို စိစစ် တွေ့ရှိခဲ့ရလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ကတဆင့် ဒီကနေ့ အောက်တိုဘာလ ၈ ရက်တွင် မိဘများထံ ကျန်းမာစွာနဲ့ ပြန်လည် အပ်နှံပေးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၇ ရက်ကလည်း ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်မှာ အသက်မပြည့်သေးတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးနဲ့ ကျန်းမာရေးမကောင်းသူ လူငယ်တစ်ဦးကို အာရက္ခတပ်တော်က မိဘတွေထံ ပြန်လည် အပ်နှံခဲ့ပါတယ်။

စက်တင်ဘာလ ၄ ရက်ကလည်း ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်က အသက်မပြည့်သေးတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ကလေးငယ်တစ်ဦးဟာ မိမိဆန္ဒအလျောက် အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန်လာ‌ရောက်ရာ အသက်မပြည့်သေးလို့ အာရက္ခတပ်တော် တာဝန်ရှိသူတွေက မိဘတွေထံ အပ်နှံခဲ့ပါတယ်။

ထို့အတူ စက်တင်ဘာလ ၁ ရက်ကလည်း စစ်မှုထမ်းရန် လာရောက်တဲ့ မြောက်ဦးမြို့နယ်က အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကိုလည်း အာရက္ခတပ်တော်က မိဘတွေထံ ပြန်လည် အပ်နှံခဲ့ပါတယ်။

အလားတူ သြဂုတ်လ ၁၉ ရက်မှာလည်း အရက္ခတပ်တော်ထံ မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ သက်ငယ်ကလေးတစ်ဦးကို မိဘတွေထံ ပြန်လည် အပ်နှံခဲ့ပါတယ်။

သြဂုတ်လ ၁၈ ရက်ကလည်း မိမိ ဆန္ဒအလျောက် စစ်မှုထမ်းရန် လာရောက်တဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦးကို မိဘများထံ အာရက္ခတပ်တော်က ပြန်လည် အပ်နှံခဲ့ပါသေးတယ်။

Related posts

ဇော်မင်းထွန်းတို့ အဖွဲ့က ပွဲ့လန့်တုန်း ဖျာခင်းတာလို့ ဦးခိုင်သုခ တုန့်ပြန်

Rakhita Times

ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို  ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ်၊ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် ကျ

Rakhita Times

စစ်တွေမြို့ပြင်မှာ အာရက္ခတပ်တော်နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

Leave a Comment