Uncategorized

ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲခြင်းဟာ ဗြောင်ကျကျ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ SCEF နဲ့ ULA/AA ထောက်ပြ

အာရက္ခတိုင်းမ်စ် (၁၀ အောက်တိုဘာ ၂၀၂၆)

ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ကောင်စီရဲ့ ဗြောင်ကျကျ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းပဲ ဖြစ်တယ်လို့ SCEF နဲ့ ULA/AA ထောက်ပြလိုက်ပါတယ်။

ဒီလုပ်ရပ်တွေဟာ နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို ပိုမိုဆိုးရွားလာစေပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့ အောက်တိုဘာလ ၈ ရက်က ပြုလုပ်ခဲ့တဲ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးကို SCEF အလှည့်ကျ သဘာပတိ ခူဦးရယ်၊ NUG နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ULA/AA ဒု-ဥက္ကဋ္ဌ (၁) ဒေါက်တာညိုထွန်းအောင်တို့ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါတယ်။

နှစ်ဖက်ခေါင်းဆောင်များအနေနဲ့ ရက္ခိုင်ပြည်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေများ၊ ဒေသခံပြည်သူများ ကြုံတွေ့နေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။

Related posts

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေဆုံ

Rakhita Times

ပုဏ္ဏားကျွန်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို AA ကူညီ၊ ကျန်းမာရေးစောင့်ရှောက်မှုပါ ပေးနေ(ဓာတ်ပုံသတင်း)

Rakhita Times

အာရက္ခတပ်တော်က လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်နေတဲ့ မှတ်တမ်း ဓာတ်ပုံများ ဖြစ်ပါတယ်။

Rakhita Times

Leave a Comment