NewsPolitic

ရက္ခိုင်ပြည်က စစ်ဘေးရှောင်များနဲ့ ဗုံးကြဲခံရသူများအတွက် သိန်း (၂,၀၀၀) ကျော် ထောက်ပံ့ပေးအပ်

အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်အတွင်းရှိ အကြီးဆုံး စစ်ဘေးရှောင်စခန်း ၄ ခုတွင် ခိုလှုံနေကြတဲ့ လူဦးရေ ၇,၅၀၀ ခန့်ရှိတဲ့ အိမ်ထောင်စု ၁,၆၀၇ စုအတွက် တစ်စုလျှင် ငွေကျပ် ၁ သိန်းနှုန်းနဲ့ စုစုပေါင်း ငွေကျပ် ၁,၆၀၇ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ စာရေးဆရာဝေဟင်‌အောင် ဆိုပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့၊ အိန္ဒိယဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနဲ့ သေဆုံးခဲ့ရသူတွေအတွက် ဆက်သွယ်လို့ရသမျှ တစ်ဦးလျှင် ပထမအကြိမ် ၁၀ သိန်းနဲ့ ဒုတိယအကြိမ် ၈ သိန်း၊ စုစုပေါင်း ၁၈ သိန်းနှုန်းနဲ့ ငွေကျပ် ၄၅၀ သိန်းခန့်ကိုလည်း ဖြန့်ဝေလှူဒါန်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းစီ ထပ်မံကူညီသွားရန် အစီအစဉ်များ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

အဆိုပါ ကူညီထောက်ပံ့ငွေများကို ပြည်တွင်းပြည်ပက စေတနာရှင်ပြည်သူများ လှူဒါန်းထားတဲ့ အလှူငွေအပေါ် အခြေခံပြီး အုပ်ချုပ်ရေးအဖွဲ့များနဲ့ ပူးပေါင်းကာ ဖြန့်ဝေပေးခဲ့တာလို့လည်း သိရပါတယ်။

Related posts

တိုက်ပွဲကြားက စစ်ရှောင်ကလေးနဲ့ ငွေကြေးမပြည့်စုံတဲ့ ကလေးတွေကို ဦးစားပေး ပညာသင်ပေးနေ

Rakhita Times

သံတွဲကို စကမ ဂျက် ၆ စီးနဲ့ ဗုံးကြဲနေ(Breaking News)

Rakhita Times

စစ်တွေက ပညာရေးဝန်ထမ်းတွေ အစိုးရဆန် မရတာ ၂ လ ရှိနေ

Rakhita Times

Leave a Comment