NewsPolitic

ကျောက်ဖြူမှာ တိုက်ပွဲ ပြန်ပြင်းထန်၊ အဝတောင်ဘက်က ကာကင်းစခန်းအချို့ AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၆)

တရုတ်စီမံကိန်းတွေ တည်ရှိတဲ့ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ တစ်ပတ်ကျော် ငြိမ်သက်နေခဲ့တဲ့ တိုက်ပွဲတွေ ဒီရက်ပိုင်းအတွင်း ပြင်းထန်စွာ ပြန်စတင်လာပြီး စစ်ကောင်စီတပ်တွေ အထိနာကာ ဆုတ်ခွာနေကြောင်း မြေပြင်သတင်းရင်းမြစ်တွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ တောင်မော်ကြီး ရေတပ်စခန်းရဲ့ နောက်ဆုံးလက်ကျန် ကာကင်းစခန်းတွေ ရှိတဲ့ အဝတောင်ရွာဝန်းကျင်မှာ နှစ်ဖက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် ရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ရဲ့ ကာကင်းစခန်းအချို့ လက်လွှတ်ရပြီး သုံ့ပန်းအများအပြား ဖမ်းမိထားတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီက ရန်ကုန်မြို့ကနေ စစ်သင်္ဘောတွေနဲ့ ကျောက်ဖြူမြို့ပေါ်ကို အင်အားအမြောက်အမြား ဖြည့်တင်းနေပြီး ပြီးခဲ့တဲ့ တစ်လအတွင်း စစ်သား တစ်ထောင်နီးပါး ထပ်ရောက်လာခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာတွေကို စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ Y-12 တွေနဲ့ နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေပြီး သံဇစ်မြစ်ထဲက စစ်သင်္ဘောတွေကနေလည်း လက်နက်ကြီးနဲ့လည်း ပစ်ခတ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာလဆန်းပိုင်းကလည်း အဝတောင်ဘက်ကနေ ထိုးစစ်ဆင်ဖို့ ကြိုးပမ်းခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ပြန်ဆုတ်ခဲ့ရပါတယ်။

Related posts

ရက္ခိုင်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး AA လုပ်ဆောင်နေ

Rakhita Times

တောင်ကုတ်က လူသတ်တရားခံ ၂ ဦးကို ဒီလပ် ဖမ်းဆီး

Rakhita Times

ရက္ခိုင်ကိုပို့ရန် အာလူးတင်လာတဲ့ ဘုတ် ၂ စီးကို BCG ဖမ်း

Rakhita Times

Leave a Comment