NewsPolitic

ရေကြည်မှာ စစ်မှုထမ်းတပ်သား ၃ ဦး AA ဆီထွက်ပြေး

အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၆)

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုကနေ စစ်မှုထမ်းတပ်သား ၃ ဦး ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းမှာ ရေကြည်မြို့နယ်၊ ကမ်းပါးကြီးဒေသက စစ်ကောင်စီရဲ့ ယာယီစခန်းကနေ စစ်မှုထမ်းအပတ်စဉ် (၁၁) က တပ်သား ၃ ဦး စခန်းကို စွန့်ခွာပြီး ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

“ရှေ့တန်းပို့ခံရမှာ ကြောက်လို့ ထွက်ပြေးတာလေ၊ အသက်ကလည်း ငယ်ကြသေးတယ်။ ၂၀ တောင် မရှိလောက်သေးဘူး။ AA ကို ဆက်သွယ်ပြီး ထွက်ပြေးတာလို့ ပြောကြတာပဲ။ စစ်တပ်ကတော့ အသည်းအသန် လိုက်ရှာနေတယ်။ တာဝန်ကျတဲ့ အစောင့်ကိုလည်း ရိုက်နှက် စစ်ဆေးနေတယ်” လို့ ရေကြည်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားတွေကို စစ်ကောင်စီတပ်က ရှာဖွေနေပြီး ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်အထိ ပြန်တွေ့ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အောက်တိုဘာလ ပထမပတ်ကစပြီး ရေကြည်မြို့နယ်က ကမ်းပါးကြီးဒေသအပါအဝင် ကျေးရွာအချို့မှာ စစ်မှုထမ်းအသစ်တွေနဲ့အတူ ယာယီစခန်းတွေကို တိုးချဲ့ တပ်စွဲ နေတာလည်း ဖြစ်ပါတယ်။

Related posts

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် ပြည်သူတွေလိုလားနေ

Rakhita Times

ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်ခုလုံးကို AA အပြည့်အဝ ထိန်းချုပ်၊ စစ်ကောင်စီ ဗိုလ်မှူးချုပ် အဆင့်အထိ ဖမ်းဆီးရမိ

Rakhita Times

စစ်တွေဒေသခံများ စစ်ဖြစ်ဖို့ထက် ထမင်းငတ်မှာကို ကြောက်နေ

Rakhita Times

Leave a Comment