NewsPolitic

မြဝတီက လက်နက်ကြီးကျည် ထိုင်းဘက်ကျ၊ အရပ်သားတစ်ဦး ဒဏ်ရာရလို့ ထိုင်းစစ်တပ် နယ်စပ်မှာ အင်အားတိုးချ

အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၆)

ထိုင်း-မြန်မာနယ်စပ်အနီး မြန်မာဘက်ခြမ်း မြဝတီမြို့နယ်အတွင်း ပြန်လည်စတင်လာတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းပိုင်နက်ထဲကို လက်နက်ကြီးကျည်တွေ ကျပေါက်ကွဲပြီး အရပ်သားတစ်ဦး ဒဏ်ရာရခဲ့လို့ ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးကို အရေးပေါ် မြှင့်တင်လိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့တောင်ဘက် ဖလူးနဲ့ မင်းလက်ပံကျေးရွာဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ KNU ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ခဲ့ရာကနေ လက်နက်ကြီးကျည် ၄ လုံးထက်မနည်း နယ်စပ်မျဉ်းကို ကျော်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဟာဝမ်ကျေးရွာအုပ်စုအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဒီလက်နက်ကြီးကျည်တွေကြောင့် နယ်စပ်က ထိုင်းဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ဒဏ်ရာရခဲ့လို့ နယ်စပ်တစ်လျှောက် တင်းမာမှု ရုတ်တရက် မြင့်တက်လာခဲ့ပါတယ်။

ဖြစ်စဉ်ပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်စောင့်ကြည့်ရေးအတွက် စစ်ကားတွေနဲ့ တပ်ဖွဲ့ဝင်အင်အား အများအပြားကို ချက်ချင်း တပ်ဖြန့်လိုက်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ထိုင်းသတင်းမီဒီယာ Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထိုင်းစစ်တပ်က နယ်ကျော်ကျလာတဲ့ ခဲယမ်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အထူးအစီအမံတွေ ချမှတ်ထားပြီး မိမိနိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်လာရင် လက်နက်ကြီးနဲ့ ပြန်ပြီး သတိပေးပစ်ခတ်မယ်လို့ ထုတ်ပြန် သတိပေးထားပါတယ်။

Related posts

အာရက္ခထီ (လောင်ပေါ်) စတင်ရောင်း၊ ထီ (လောင်ပေါ်) ထိုးသူ များပြား

Rakhita Times

တောင်ကုတ်ကို တရားမဝင် ပြည်ပအရက် တင်ဆောင်လာသူကို ဒီလပ် ဖမ်းဆီး

Rakhita Times

MNDAA လားရှိုးက ဆုတ်ခွါမည့်ကိစ္စ တရုတ်ဖိအားကြောင့်လား

Rakhita Times

Leave a Comment