NewsPolitic

ကုလားတန်မြစ်ဝမှာ ငါးဖမ်းသမား ၄ ဦးကို စစ်ကောင်စီ ပစ်ခတ်ပြီး စက်လှေလုယူ

အာရက္ခတိုင်းမ်စ် (၂၈ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ကုလားတန်မြစ်ဝအလယ်မှာ အောက်တိုဘာလ ၂၄ ရက် ညနေပိုင်းက ဝီရဌာနီမြို့နယ်၊ အနောက်ရဲ IDP စခန်းကနေ ပင်လယ်ပြင်ကို ငါးဖမ်းထွက်လာတဲ့ ဒေသခံ ငါးဖမ်းသမား ၄ ဦးကို စစ်ကောင်စီရဲ့ Speed Boat တစ်စီးက ပစ်ခတ်ပြီး ငါးဖမ်းစက်လှေကို လုယူသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်ခံရသူတွေက အနောက်ရဲ IDP စခန်းမှာ ခိုလှုံနေသူတွေဖြစ်တဲ့ ဘော်ဒီယာ (၄၈ နှစ်)၊ မာမောက်ဆော်လိမ် (၃၀ နှစ်)၊ မာမောက်အီနူစ် (၄၀ နှစ်) နဲ့ ဟာလာယာ (၁၆ နှစ်) တို့ ဖြစ်ပါတယ်။

စစ်တွေမြို့၊ ကိုရီးယားဆိပ်ကမ်းကနေ မီတာ ၃၅၀၀ အကွာ မြစ်ဝအလယ်မှာ စစ်ကောင်စီရေတပ်က ပစ်ခတ်ခဲ့ပြီး၊ ရေထဲခုန်ဆင်းထွက်ပြေးသူတွေကိုပါ လိုက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က ငါးဖမ်းသမားတွေရဲ့ စက်လှေကို မောင်းပြီး စစ်တွေမြို့ဘက်ကို ထွက်သွားခဲ့ပါတယ်။

ငပြီကျွန်း ကမ်းတက်စစ်ဆင်ရေးနဲ့ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်တိုက်ပွဲတွေမှာ အာရက္ခတပ်တော် (AA) ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက် ထိခိုက်မှု ရှိခဲ့ပါတယ်။

အောက်တိုဘာလ ၂၆ ရက်မှာလည်း AA ရေကြောင်းစစ်ဆင်ရေးအတွင်း ဖရီးဂိတ် (Frigate) တိုက်ခိုက်ရေးသင်္ဘော ၁ စီးနဲ့ ကမ်းထိုးရေယာဉ် ၂ စီး တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း သိရပါတယ်။

ရေကြောင်းမှာ စက်လှေတွေနဲ့ အရပ်သားတွေကို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ ခရီးသွားလာရင် အထူးသတိပြုဖို့၊ ရေကြောင်းအန္တရာယ်ကို သတိထားဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က သတိပေးထားပါတယ်။

Photo – Narinjara

Related posts

တောင်ကုတ်မြို့ပေါ်နဲ့ လုံးတော်ပေါက်ကို စစ်ကောင် ဗုံးကြဲတာ မှန်ကန်

Rakhita Times

မကွေးနယ်စပ်ကို အင်အားလာဖြည့်တဲ့ ဗိုလ်ကြီး ၂ ဦး အပါ ၁၂ ဦး အရှင်ဖမ်းမိ

Rakhita Times

စစ်တွေမြို့တပ်ရင်းကနေ ပစ်တဲ့လက်နက်ကြီးကြောင့် ပေါက်တောက ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

Rakhita Times

Leave a Comment