NewsPolitic

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ငါးလုပ်ငန်းနဲ့ ရေသယံဇာတဌာနက ငါးမွေးမြူရေးနဲ့ ရုံးအကူ ဝန်ထမ်း ၄၄ ဦး ခေါ်ယူ

အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၆)

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ငါးလုပ်ငန်းနဲ့ ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနက လစ်လပ်နေတဲ့ ဝန်ထမ်းနေရာတွေအတွက် အလုပ်လျှောက်လွှာတွေကို နိုဝင်ဘာလ ၄ ရက်ကစပြီး တရားဝင်ခေါ်ယူနေကြောင်း သိရပါတယ်။

ခေါ်ယူတဲ့ နေရာတွေက ငါးသားပေါက်မွေးမြူရေးစခန်းအတွက် မူလတန်းအဆင့်ရှိသူ ၁၉ ဦးနဲ့ ရုံးအကူ/အလုပ်သင်အတွက် အထက်တန်းအဆင့်ရှိသူ ၂၅ ဦး၊ စုစုပေါင်း ၄၄ ဦး ဖြစ်ပါတယ်။

ဝန်ထမ်းခေါ်ယူမှုဆိုင်ရာ စည်းကမ်းချက်တွေအရ လျှောက်ထားသူတွေက ဌာနမှာ အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်နိုင်သူ၊ ရက္ခိုင်ပြည်အတွင်း ဘယ်ဒေသကိုမဆို သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမယ်။

ဌာနက ဦးဆောင်ကျင်းပတဲ့ သင်တန်းတွေ တက်ရောက်နိုင်ရမှာဖြစ်ပြီး လိုအပ်ရင် NDEP သင်တန်းကိုလည်း တက်ရောက်နိုင်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

လျှောက်လွှာပုံစံတွေကို နီးစပ်ရာ ငါးလုပ်ငန်းနဲ့ ရေသယံဇာတစီမံခန့်ခွဲရေးဌာနရုံးတွေ၊ အုပ်ချုပ်ရေးရုံးတွေမှာ ထုတ်ယူနိုင်ပြီး နိုဝင်ဘာလ ၁၄ ရက်ကို နောက်ဆုံးထားပြီး ပေးပို့ လျှောက်ထားရမယ်လို့ သိရပါတယ်။

Related posts

သာပေါင်းတိုက်ပွဲတွင် စကမတပ်သား တရာကျော်သေဆုံးနေ

Rakhita Times

သံတွဲကို စကမ ဗုံးကြဲလို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ၊ နေအိမ် ၈ လုံး ပျက်စီး(ဒဏ်ရာရရှိသူထဲတွင် ကလေးငယ် ၂ ဦးနဲ့ ကိုယ်ဝန်ဆောင်မိခင် ၁ ဦး ပါဝင်)

Rakhita Times

ရေဘေးဒဏ်ခံနေရတဲ့ ဂွမြို့နယ်ကို ရွေးတုအစိုးရတပ် ဗုံး ၄ လုံး ချ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

Leave a Comment