NewsPolitic

မြောက်ဦးမြို့ ဗုံးကြဲမှုမှာ သေဆုံးသူ ၃၀ ဦးအထိ ရှိလာ

အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်ကို နိုဝင်ဘာလ ၂၈ ရက်မှာ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အတွင်း သေဆုံးသူ ၃၀ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒီသေဆုံးသူ ၃၀ ဦးမှာ အမျိုးသမီး ၁၂ ဦး၊ အမျိုးသား ၁၄ ဦးနဲ့ အချက်အလက် အတည်ပြုနိုင်ခြင်း မရှိသေးသူ ၄ ဦး ပါဝင်ပြီး သေဆုံးသူတွေအနက် အသက် ၃ လကနေ ၁၄ နှစ်အတွင်း ကလေးငယ် ၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဒီစာရင်းမှာ ကနဦး သေဆုံးသူ ၂၀ ခန့်အပြင် နောက်ထပ် တွေ့ရှိသူတွေနဲ့ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသူတွေ ပါဝင်ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေဟာ အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၁၇ ဦး၊ စုစုပေါင်း ၂၉ ဦးရှိပြီး ဆေးကုသမှု ခံယူလျက် ရှိတယ်လို့လည်း သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူနေအိမ် ၅၂ လုံးထက်မနည်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

■ ဂျပန်စစ်အင်အား ဖြည့်တင်းမှုမှာ ဘာတွေအခက်ကြုံနေရသလဲ

Rakhita Times

AA ရဲ့ ဒရုန်းကြောင့် စစ်တွေက စကမ တပ်သား ၂၀ ခန့် သေဆုံး

Rakhita Times

AA ဖမ်းဆီးထားတဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို လွှတ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေ တောင်းဆို

Rakhita Times

Leave a Comment