ဆင်းသီဟ ရေးသားသည်။
ဇွန်လနှင့် မတိုင်မီက မိုးဦးယာသီးနှံများကို စိုက်ပျိုးခဲ့ကြသည်။ အောင်မြင်ဖြစ်ထွန်းရေး ဆက်လက်ဆောင်ရွက်ရန်လိုပါသည်။ ထို့ပြင် မိုးစပါးသီးနှံကို အထွက်နှုန်းမြင့်မားရေး၊ ဆက်လက် စိုက်ပျိုးမည့်သီးထပ်သီးနှံများအောင်မြင်ကာ လယ်ယာထုတ်လုပ်မှုမြင့်မားရေးနှင့် အကျိုးအမြတ် ဝင်ငွေကောင်းရေးတို့အတွက် အလေးထားရန် လိုပါသည်။ သို့ဖြစ်၍ ဇူလိုင်လအတွင်း ဆောင်ရွက် သင့်သည်များကို အသိပေးဖေါ်ပြလိုပါသည်။
၁။ မိုးဦးယာသီးနှံများ
စိုက်ပျိုးပြီး အပင်ဖြစ်ထွန်းသီးပွင့်နေသော မိုးဦးယာသီးနှံများ (နှမ်း၊ ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ စသည်) ပြောင်းလဲဖြစ်ပေါ်သည့် ရာသီဥတု၊ မိုးရွာသွန်းမှုနှင့်အညီ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်စေလိုပါသည်။
မိုးရွာသွန်းမှုသည် မည်သည့်ဒေသတွင်မဆို ပြန့်နှံ့မှု၊ ညီညာမှုမရှိဘဲ သွန်ချချင်သလိုသွန်ချ ရွာသွန်းသည့်သဘာဝမှာ ယနေ့ကာလ မုတ်သုန်မိုး၏အလေ့အထလို့ပင် ဆိုရမည်။ သို့ဖြစ်၍-
မိုးများ၍ အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ရေထုတ်မြောင်း၊ စိမ့်မြောင်းပတ်မြောင်းများထားရှိခြင်းဖြင့် ကြိုတင်ကာကွယ်ထားပါ။
၂။ မိုးစပါးသီးနှံ
ပြောင်းရွှေ့ကောက်စိုက်ခြင်း/ မျိုးစေ့မြေချခြင်း
အထွက်ကောင်းစပါးမျိုးများနှင့် စပ်မျိုးစပါးမျိုးများသည် ဘယ်အချိန်စိုက်စိုက် အသက်ရက် စေ့လျင် သီးပွင့်ရင့်မှည့်မည်သာဖြစ်သည်။ စပါးအထွက်ကောင်းစေရေးအတွက် စိုက်ချိန်မှန်ဖို့ လိုသည်။ စိုက်ချိန်မှန်မှသာ ရိတ်ချိန်မှန်မည်ဖြစ်ပြီး သီးထပ်သီးနှံစိုက်ရေးအတွက် အချိန်ပိုရစေမည် ဖြစ်ပါသည်။ သို့ဖြစ်၍-
- ဇူလိုင်လကုန်အပြီး ပြောင်းရွှေ့ကောက်စိုက်ပါ။
- တိုက်ရိုက်မျိုးစေ့ချမည်ဆိုပါကလည်း ဇူလိုင်လအတွင်းအပြီး မျိုးစေ့မြေချပါ။
ရာသီစပါးမျိုးများသည် အလင်းရောင်တုန့်ပြန်မှုရှိ (Potoperiod Sensitive) သဖြင့် ပန်းပွင့်သည့်ရက်သည် ပုံသေ (Date fixed) ဖြစ်သည်။ မျိုး၏သဘာဝအရ ပျိုးထောင်ချိန်စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ စပါးပန်းပွင့်သည့်ရက်မှာ ပုံသေဖြစ်သည်။ ပန်းပွင့်ရက်မတိုင်မီ အပင်လုပ်ချိန်လုံလောက်စွာရရှိရန်လိုပါသည်။ သို့ဖြစ်၍-
- ဇူလိုင်လကုန်ထက်နောက်မကျဘဲ ပြောင်းရွှေ့ကောက်စိုက်ပါ။
မြေသြဇာအသုံးပြုခြင်း
သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ
စပါးအထွက်နှုန်းအပေါ် လွှမ်းမိုးသောအချက်များစွာရှိသည့်အနက် စိုက်ပျိုးမြေသည် အရေးပါသည့် သဘာဝအရင်းအမြစ် ဖြစ်သည်။ မြေဆီလွှာသည် စပါးပင်က လိုသလောက် အာဟာရဓာတ်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါ။ လိုအပ်သည့် အာဟာရဓာတ်အတွက် သင့်တော်သည့်မြေသြဇာနှင့် ပမာဏကို လိုအပ်သည့်အချိန်တွင် ထည့်သွင်းပေးခြင်းဖြင့်သာ မျှော်မှန်းစပါးအထွက်ကို ရရှိနိုင်မည် ဖြစ်ပါသည်။
စိုက်ခင်းတွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာနှစ်မျိုးလုံးကို ထည့်သွင်းရန် လိုပါသည်။ သို့ဖြစ်၍_
သဘာဝမြေသြဇာကို စပါးမစိုက်မီ အနည်းဆုံး သီတင်းနှစ်ပတ်ကျော် ထွန်ရေးတမန်း ပြုပြင်စဉ်ကပင် လယ်ကွက်အတွင်း ညီညာစွာပက်ကြဲ၍ မြေနှင့်သမအောင် ထွန်မွှေ ထည့်သွင်း ပေးပါ။
နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နှင့် ပိုတက်စီယမ်ဓာတ်သုံးမျိုးသည် စပါးပင်အတွက် မရှိမဖြစ် လိုအပ်ပါသည်။ သို့ဖြစ်၍-
ကြိုတင်ပြီးမြေဆီဓာတ်ခွဲစစ်ဆေးကာ လိုအပ်သည့်ပမာဏကို အဆိုပါ အာဟာရဓာတ် များ ပါဝင်သောမြေသြဇာများကို မြေခံအဖြစ် ထည့်သွင်းပေးပါ။ (သို့မဟုတ်) -နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်အာဟာရဓာတ်များ ပေါင်းစပ်ပါဝင်သော ကွန်ပေါင်းဓာတ်မြေသြဇာကို ထည့်သွင်းပေးပါ။
နိုက်ထရိုဂျင်မြေသြဇာ
အထွက်ကောင်းစပါးမျိုးများသည် သင့်တင့်မှန်ကန်သောမြေသြဇာကို နှုန်းထားမှန်ကန်စွာ ဖြင့် အချိန်ကိုက်သုံးစွဲမှသာ ၎င်းတို့၏ အထွက်စွမ်းရည်မြင့်မားမှုကို ရရှိနိုင်မည်ဖြစ်သည်။ မိုးရာသီအထွက်ကောင်းစပါးမျိုးများ စိုက်ပြီးချိန်တွင် ကျွေးသင့်သည့်မြေသြဇာမှာ နိုင်ထရိုဂျင် မြေသြဇာဖြစ်ပါသည်။
ယူရီးယားကဲ့သို့ နိုက်ထရိုဂျင်မြေသြဇာကိုသုံးစွဲရာတွင် လိုက်နာသင့်သည်များမှာ-
၁။ မြေသြဇာ၏အကျိုးအာနိသင် အပြည့်အဝ ရရှိစေရေးအတွက် အကြိမ်ကြိမ်လီ၍ ခွဲဝေထည့်သွင်းပါ။ အရွက်အရောင်တိုင်းကဒ်နှင့် တိုင်းနိုင်က ပို၍ လိုအပ်ချက်ပမာဏကို ခန့်မှန်းနိုင်မည် ဖြစ်ပါသည်။
နိုင်ထရိုဂျင်၏သဘောသဘာဝအရ လေလွင့်ဆုံးရှုံးနိုင်ပြီး တစ်ကြိမ်တည်းထည့်သွင်းရုံဖြင့် လုံလောက်နိုင်ခြင်းမရှိ၍ ဖြစ်ပါသည်။
၂။ ဤသို့လီ၍ နိုက်ထရိုဂျင်မြေသြဇာကျွေးတိုင်း ထုထည်တူ မြေဆွေး(သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင်ရော၍ တစ်ညသိပ်နှပ်ထားကာ နောက်နေ့တွင် စိုက်ခင်းအတွင်း ညီညာစွာ ကြဲပက်ပါ။
၃။ စပါးခင်းအတွင်း ပေါင်းမြက်များကင်းစင်အောင် ဦးစွာဆောင်ရွက်ပါ။ စပါးအတွက် ထည့်ပေးလိုက်သောနိုက်ထရိုဂျင်ကို ပေါင်းမြက်များက ယှဥ်ပြိုင်လုယူ စားသုံး နိုင်၍ ဖြစ်သည်။ ပေါင်းမြက်ကင်းစင်မှသာ နိုက်ထရိုဂျင်မြေသြဇာကို ထည့်ပေးသင့်ပါသည်။
၄။ လယ်ကန်သင်းများကို လုံခြုံအောင်ထိန်းသိမ်းပါ။ ထည့်လိုက်သောမြေသြဇာများ ရေမှာပျော်ဝင်၍ စီးရေနှင့်အတူ မဆုံးရှုံးစေရန် ဖြစ်ပါသည်။
၅။ ပက်ကြဲချိန်တွင်စိုက်ကွက်ထဲ၌ ရေအနက်မှာ နှစ်လက်မခန့်သာ ထားပါ။ ထို့နောက် ရေမပြတ်စေရန် ဂရုစိုက်ပါ။ ရေပြတ်သွားပါက မြေဆီလွှာတွင် လေအစားထိုး ဝင်ရောက်လာသောကြောင့် လေနှင့်အတူ အငွေ့အဖြစ် အဟာရဆုံးရှုံးနိုင်သည်။ အထူးသဖြင့် လယ်ကွက်များ ခြောက်သွေ့ပြီး ပတ်ကြားအက်ပါက နိုက်ထရိုဂျင်သည် အငွေ့အဖြစ်ပို၍ ဆုံးရှုံးနိုင်၍ ဖြစ်ပါသည်။
၆။ စပါးရွက်များ ခြောက်သွေ့သောအခြေအနေရှိချိန်တွင် နိုက်ထရိုဂျင်မြေသြဇာ ကျွေးပါ။ အရွက်များ စိုစွတ်နေပါက ကြဲပက်လိုက်သည့် မြေသြဇာများသည် စပါးအရွက်များတွင် တွယ်ကပ်ကျန်ရစ်သဖြင့် အရွက်များကို လောင်စေနိုင်၍ ဖြစ်ပါသည်။
၇။ မိုးပြင်းထန်စွာရွာမည့် အခြေအနေမရှိမှသာ နိုက်ထရိုဂျင်မြေသြဇာကို ကြဲပက်ပါ။ ကြဲပက်လိုက်သည့် မြေသြဇာသည် ရွာသွန်းသောမိုးကြီးကြောင့် ကန်သင်းရေလျှံကာ လျှံရေ နှင့်အတူ အခြားစိုက်ခင်းများသို့ ရောက်ရှိ သွားနိုင်၍ ဖြစ်ပါသည်။
ဤသို့ သတိမူသင့်သည်များကို လိုက်နာဆောင်ရွက်ပြီး နည်းစနစ်မှန်စွာဖြင့် နိုက်ထရိုဂျင် မြေသြဇာကိုလီ၍ ကျွေးခြင်းသည် မြေသြဇာကုန်ကျစရိတ် ၁၀ မှ ၁၅ ရာခိုင်နှုန်း သက်သာစေပြီး တစ်ဧကစပါးအထွက်နှုန်း ၁၇ ရာခိုင်နှုန်းအထိ တိုးစေမည်ဟု သိရပါသည်။
ဇူလိုင်လတွင် မိုးဦးယာသီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် မိုးစပါးသီးနှံအထွက်နှုန်းမြင့်မား ရေးတို့အတွက် ဒေသရေမြေနှင့် ရာသီဥတု၊ မိုးရွာသွန်းမှုအခြေအနေများနှင့် လိုက်လျောညီစွာ ပြုစုဂရုစိုက်ခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားကြ စေလိုပါသည်။
“ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”

7 comments
hello everyone, my backlink bot is system
Funny enough, I was just browsing around and this came up. I understood this topic better after reading, which made a difference for me. I’ll probably return here.
This gave me a clearer picture overall.
Alright, I was able to follow along easily, which made it easier to understand.
Hey, This filled in some gaps for me. I’ll look into this again.
Well, This showed up while I was looking into something unrelated. A bit this filled in some gaps for me which made it more readable.
Funny enough, This filled in some gaps for me. I might explore more here.