Author : Rakhita Times

https://arakhatimes.com/ - 1426 Posts - 0 Comments
NewsPolitic

စစ်ကျန်လက်နက် ဆော့မိလို့ ကလေးငယ်တစ်ဦးသေဆုံး

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည် ဂွမြို့နယ် ကမ်းသာယာကမ်းခြေအနီးရှိ ကင်းပုံရွာတွင် စစ်ကျန်လက်နက်ကို ဆော့မိလို့ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ အဆိုပါ သေဆုံးသူအရေး ကူညီပေးနေသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “သေသွားတဲ့ ကလေးလေးရဲ့အဖေက တောထဲမှာ လက်ပစ်ဗုံးလား မြေမြှုပ်မိုင်းလား သူလည်း သေချာမသိဘူး။ အဲဒါကိုတွေ့တော့...
NewsPolitic

ပုသိမ်တွင် Helicopter ဆင်းသက်နိုင်ရန် စစ်ကောင်စီ ၉ ကွင်း တည်ဆောက်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၅) ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းတွင် Helicopter ဆင်းသက်နိုင်ရန်အတွက် ၉ ကွင်းအထိ တည်ဆောက် ပြုပြင်နေတယ်လို့ ပုသိမ်မြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “ရွာသစ်ကျေးရွာအုပ်စုအပိုင် ထန်းကုန်းအနောက်ခြမ်း ဇီးကုန်းကြားမှာ တစ်ကွင်း၊ ကွင်းယားကုန်းအနီး လစရ (၁၀) သိမ်စမ်းဘုန်းကြီးကျောင်း အရှေ့ဘောလုံးကွင်းမှာ တစ်ကွင်း...
NewsPolitic

တိုက်ပွဲဖြစ်ရင် စစ်တွေဒေသခံတွေ တိုက်ပွဲရှောင်ဖို့ မလွယ်နိုင်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့ရဲ့ ဖွဲ့စည်းပုံ အနေအထားအရ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်မယ်ဆိုရင် တိုက်ပွဲရှောင်ဖို့အတွက် မလွယ်နိုင်ဘူးလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်တွေက ရေပတ်လည် ဝိုင်းထားတဲ့အတွက်ကြောင့် တိုက်ပွဲရှောင်ဖို့ မလွယ်သလို ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုသွားတဲ့ လမ်းမှာရှိတဲ့ တံတားကလည်း...
InterviewPolitic

ဘင်္ဂလီ (သို့) ရိုဟင်ဂျာ တွေကို ဦးမောင်မောင်ကြည် ဘာပြောလဲ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဇန်နဝါရီ ၂၀၂၅) စစ်ကောင်စီက ဘင်္ဂလီ (သို့) ရိုဟင်ဂျာတွေကို လက်နက်တပ်ဆင် စစ်သင်တန်းပေးနေခြင်း၊ အာရက္ခပညာရေး ဖော်ဆောင်နေမှု၊ ဘင်္ဂလားဒေရှ့်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေး၊ ARSA, RSO စတဲ့ အကြောင်းအရာ စတာတွေကို နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ကြည် ကို အာရက္ခတိုင်းမ်စ်က...
NewsPolitic

စစ်တွေကို AA စတင် ထိုးစစ်ဆင်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကို အာရက္ခတပ်တော်အနေနဲ့ စတင်ထိုးစစ်ဆင်နေတယ်လို့ စစ်တွေမြို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “၁၅ ရက်နေ့ကတည်းက ဝါဘိုးရွာက စစ်ကောင်စီရဲ့ ခံစစ်တပ်ကို AA က သိမ်းလိုက်တယ်။ အဲဒါကြောင့် အဲနေ့ ညနေ ၃...
NewsPolitic

ကျောက်နီမော် ပြည်သူများကို AA စားနပ်ရိက္ခာထောက်ပံ့

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ ၂၀၂၅) ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရပြီး အခက်အခဲဖြစ်နေသော ပြည်သူများကို ULA/AA က အရေးပေါ် ဆန်  (၁) ပတ်စာကို...
NewsPolitic

စစ်တွေမြို့အနီး လေကြောင်းတိုက်ခိုက်တာ နဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ စစ်ကောင်စီ လုပ်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် ( ၁၆ ဇန်နဝါရီ ၂၀၂၅) စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့ ည ၁၁ နာရီဝန်းကျင်လောက်ကပင် ဒီနေ့မနက်ပိုင်းထိ စစ်တွေမြို့ အနီးဝန်းကျင်ကနေရာတွေကို လေကြောင်းတိုက်ခိုက်တာ နဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။...
BusinessNewsPolitic

စစ်တွေမှာ ဆန်ကြမ်းရှားနေ၊ ‌ဒေသခံအနေနဲ့ စစ်ဘေးရှောင်လို ရင်ဆိုင်နေရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ  ၂၀၂၅) လက်ရှိအကြပ်အတည်းကာလအတွင်း စစ်တွေမြို့မှာ ဒေသခံလူထု အားလုံးနီးပါး ဝယ်ယူစားသောက်နိုင်တဲ့ ဆန်ကြမ်းတွေဟာ ရှားပါးနေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဆန်ကြမ်းတွေဟာ ဝယ်ယူလို့ရပေမယ့် အနံ့နံတဲ့ ဆန်ကြမ်းအမျိုးအစားတွေသာဖြစ်ပြီး ဝယ်စားတဲ့သူမရှိတဲ့ ဆန်အကောင်းစားတွေကတော့ ပေါများတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်တွေမြို့ပေါ်မှာ...
NewsPolitic

ပြင်ပရောက် ရက္ခိုင်တွေ ဖမ်းခံရတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရခြင်းဟု ပြော

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၅) တိုက်ပွဲကြောင့် နေရပ်စွန်ခွာ ထွက်ပြေးလာတဲ့ သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ကို ရောက်နေကြတဲ့ ရက္ခိုင်တွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်နေတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံတာ ဖြစ်တယ်လို့ ရက္ခိုင်တိုင်းရင်းသားတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ရန်ကုန် နဲ့ ဧရာဝတီတိုင်းတို့ကို တိမ်းရှောင်လာကြတဲ့...