NewsPolitic

ကျောက်နီမော် ပြည်သူများကို AA စားနပ်ရိက္ခာထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ရပြီး အခက်အခဲဖြစ်နေသော ပြည်သူများကို ULA/AA က အရေးပေါ် ဆန်  (၁) ပတ်စာကို အိမ်ထောင်စု (၃၇၉) စု၊ ကျား (၇၃၂) ဦး၊ မ(၉၅၀) ဦး၊ စုစုပေါင်း (၁၆၈၂) ဦး တို့အား ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အရေးပေါ်ကူညီထောက်ပံ့မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထောက်ပံ့မှုနဲ့အတူ အာရက္ခတပ်တော်အနေနဲ့ ဒါဏ်ရာရလူနာများကို ဆေးကုသပေးခြင်းများအပါအဝင် အခြားလိုအပ်ချက်များစွာ တို့ကိုလည်း ကြိုးစားဖြည့်ဆည်းပေးလျက်ရှိတယ်လို့ HDCO က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် မူဆလင်ပြည်သူအများစုနေထိုင်ရာ တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ အလယ်ပိုင်းရပ်ကွက်တို့က ပြည်သူ ၂၈ ဦး သေဆုံးခဲ့ပြီး၊ ၁၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့အပြင် ရုပ်အလောင်းပင် ရှာမတွေ့တဲ့ ပြည်သူ ၁၁ ဦး ရှိခဲ့ပါတယ်။ လူနေအိမ် စုစုပေါင်း ၃၉၈ ဆောင်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူများကို အကူအညီများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးအတွက် လူမှုကယ်ဆယ် ကူညီရေးအဖွဲ့များနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ HDCO က ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Related posts

ကျောက်တော်ကို ရွေးတုအစိုးရ ဂျက်ဖိုက်တာနဲ့ ဗုံး ၇ လုံးထက်မနည်း ကြဲချBreaking News

Rakhita Times

PDF ထောက်ပံ့စရိတ် ကန်ဒေါ်လာ ၂၅သန်း သုံးစွဲထားပေမယ့် အညာဒေသဘက်မရောက်

Rakhita Times

AA ရဲ့ လက်နက်ကြီးကြောင့် ကပစ ၁၆ အတွင်း ပေါက်ကွဲမှုဟာ WNA Work Shop ဖြစ်

Rakhita Times

Leave a Comment