အာသောကမှာ ရေးတဲ့ အက်ဆေး
အာသောကမှတ်တိုင်က ဆင်း။ အာသောကမှတ်တိုင်က တက်။ ဒီလို အတက်၊ အဆင်းတွေများစွာ လုပ်ဖူးပါတယ်။ သဓိပဌာန်လမ်း၊ ကျောက်မြောင်းလမ်း၊ ဣစာသယလမ်း၊ ဓမ္မဓါနလမ်း၊ အသောကလမ်းတွေကို ဖြတ်လျှောက်ဖူးခဲ့ပါတယ်။ နေပူပူ။ မိုးရွာရွာ အသက်ရှင်သန်ဖို့ အရေးကြီးတာပဲ မဟုတ်လား။ လူတွေအသက်ရှင်ဖို့ အစာအာဟာရ တခုတည်းနဲ့ လုံလောက်ရဲ့လား။ မလုံလောက်ဘူးလို့ ထင်မိတယ်။...
