■ အိန္ဒိယကိုတိုက်ခိုက်ဖို့ နိုင်ငံခြားသားတွေနဲ့ မြန်မာတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းကြံစည်ခဲ့သလား
ပြီးခဲ့တဲ့ ရက်တွေအတွင်း မီဒီယာမျက်နှာစာမှာ စိတ်ဝင်တစား ဖြစ်ခဲ့ရတဲ့ သတင်းတပုဒ်ကတော့ နိုင်ငံခြားသားခြောက်ယောက် အိန္ဒိယမှာ အဖမ်းခံရတဲ့သတင်း ဖြစ်မယ် ထင်ပါတယ်။ ‘အကြမ်းဖက်’ ခေါင်းစဉ်အောက်ကနေ ထွက်လာတဲ့ သတင်းဖြစ်နေတော့ အိန္ဒိယမီဒီယာတွေအတွက် ပရိသတ်များများရမယ့် သည်းခြေကြိုက် သတင်း ဖြစ်နေသလို မြန်မာတွေအတွက်ကျတော့လည်း တော်လှန်ရေးနဲ့ ဆက်နွယ်နေတဲ့အတွက် သတိပြုစရာ ဖြစ်ခဲ့ရပါတယ်။...
