Category : Business

BusinessNewsPolitic

ဂွနဲ့ သံတွဲမှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ငါးဖမ်းခွင့်ကို AA ကန့်သတ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၀ အောက်တိုဘာ ၂၀၂၅) အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် ဂွမြို့နယ်နဲ့ သံတွဲမြို့နယ်မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညအချိန် ပင်လယ်ပြင် ငါးဖမ်းမှုတွေကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ အာရက္ခတပ်တော်က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။...
BusinessNewsPolitic

တောင်ကုတ်ရိုးပေါ်တွင် ခရီးသွားများ မိုင်းနင်းမိလို့ ၆ ဦးထပ်မနည်း သေဆုံး

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၉ အောက်တိုဘာ ၂၀၂၅) ရက္ခိုင်ပြည် တောင်ကုတ်ရိုးပေါ်တွင် စစ်ကော်မရှင်ထောင်ထားတဲ့မိုင်းကို ခရီးသွားပြည်သူတွေ နင်းမိလို့ ၆ ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ ပြည်မကို ခိုးထွက်တဲ့ သူတွေလား၊ ကုန်သည်တွေလားတော့ မသိဘူး။ ပထမအဖွဲ့က ၈ ယောက်အဖွဲ့၊ နောက်တဖွဲ့က ၅ ယောက်တဖွဲ့၊...
BusinessNewsPolitic

မာန်အောင်တွင် ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို စကမ အရာရှိနဲ့ အောက်ခြေတပ်ဖွဲ့များ ခွဲဝေယူနေတဲ့အတွက် ဖမ်းဆီးမှု ပိုတိုးလာ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ အောက်တိုဘာ ၂၀၂၅) စစ်မကော်ရှင်တပ် ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရက္ခိုင်ပြည် မာန်အောင်မြို့မှ ခရီးသွားပြည်သူတွေဟာ အခုလပိုင်းအတွင်း ပိုမိုဖမ်းဆီးခံလာရတဲ့လို့ သတင်းရရှိပါတယ်။ မာန်အောင်ဒေသခံအချို့ဟာ ငါးဖမ်းခွင့်နဲ့ ကုန်ပစ္စည်းများ သယ်ယူခွင့်ကို အနည်းအကျဉ်း ရရှိခဲ့ကြသော်လည်း အခုလပိုင်းအတွင်းမှာ စစ်ကော်မရှင်တပ်က ဖမ်းဆီးမှုကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယခင်က...
BusinessNewsPolitic

စစ်တွေကယ်ဆယ်ရေးစခန်းမှာ ဆန်ရှိရုံဖြင့် အဆင်မပြေ၊ ပိုက်ဆံရှိမှ အဆင်ပြေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရတဲ့ တိုက်ပွဲရှောင်တွေဟာ ဆန်ရှိပါက အဆင်ပြေမယ် ထင်ထားကြပေမယ့် လက်တွေ့မှာတော့ ဆန်ထက် ငွေကြေးရှိမှ အဆင်ပြေမယ့် အနေအထား ဖြစ်နေကြောင်း တိုက်ပွဲရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ လက်ရှိမှာတော့ စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းက တိုက်ပွဲရှောင်တို့ဟာ...
BusinessNewsPolitic

စစ်တွေမှာ ဒေါ်စောမြရာဇာလင်းက ဆန်၊ ထင်း၊ ဆီနဲ့ ငပိ လှူဒါန်းမယ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၂ အောက်တိုဘာ ၂၀၂၅) စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့က မရှိဆင်းရဲ့သား လူ ၃၀၀၀ ခန့်ကို လာမယ့် တန်ဆောင်မုန်းလမှာ ဆန်၊ ထင်း၊ ဆီနဲ့ ငပိတွေကို လှူဒါန်းသွားမယ်လို့ ဒေါ်စောမြရာဇာလင်းက သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပို့စ်တင်ထားပါတယ်။ ဒေါ်စောမြရာဇာလင်းဟာ ပြီးခဲ့တဲ့...
BusinessNewsPolitic

စစ်တွေက အမျိုးသမီး ၈ ဦးကို တရုတ်မယားအဖြစ် ရောင်းချပို့ဆောင်မယ့် ပွဲစား ၃ ဦးကို ထောင် ၁၀ နှစ်စီချမှတ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့က အမျိုးသမီး ၈ ဦးကို တရုတ်မယားအဖြစ် ရောင်းချဖို့ လုပ်ဆောင်နေတဲ့ ပွဲစားတွေဖြစ်တဲ့ စစ်တွေမြို့၊စက်ရုံစုရပ်ကွက်က အောင်အောင်၊ သန်းလှိုင်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ဝဿန်မိုမို တို့ကို အလုပ်နဲ့ ထောင်ဒဏ် ၁၀...
BusinessNewsPolitic

စစ်တွေမှာ စက်သုံးဆီ ၁၂၀၀၀ ကျပ် ဝန်းကျင်မှာသာရှိ

Rakhita Times
အာရက္ခတိုင်းမ်စ် (၆ အောက်တိုဘာ ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့မှာ စက်သုံးဆီဈေးနှုန်းဟာ ၁၂၀၀၀ ကျပ် ဝန်းကျင် ပတ်ချာလည်မှာပဲ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အရင်က စက်သုံးဆီဈေးဟာ တစ်လီတာကို ၁၅၀၀၀ ကျပ် အထိ ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ‌တော့ ၁၂၀၀၀ ကျပ်...
BusinessNewsPolitic

ရက္ခိုင်သို့ တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် ဆက်တိုက် ဖမ်းဆီး

Rakhita Times
အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၅) ဘင်္ဂလားဒေ့ရှ်ကနေတဆင့် ရေလမ်းကြောင်းနဲ့ ရက္ခိုင်ကို တင်ပို့နေတဲ့ ဓာတ်မြေဩဇာနဲ့ ဘိလပ်မြေအပါအဝင် ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီမှု ဆက်တိုက်ရှိနေတာကို တွေ့ရပါတယ်။ စက်တင်ဘာလ ၃၀ ရက်နေ့မှာလည်း ငွေကျပ် ၄ ဒသမ ၂၅ သိန်းခန့် တန်ဖိုးရှိတဲ့...
BusinessNewsPolitic

စကမရဲ့ ဝန်ထမ်းတွေ ပါဝင်မှုကြောင့် စစ်တွေမှာ သစ်သားအိမ်တွေ ကုန်လုနီးပါးဖြစ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၉ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ အကြမ်းဖက် စစ်ကော်မရှင်က ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်ပတ်သက်မှုကြောင့် သစ်သားအိမ်တွေ ကုန်လုနီးပါးဖြစ်နေပြီလို့ စစ်တွေဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်တွေမှာ အလုပ်အကိုင်ရှားပါးပြီး ဝင်ငွေမရှိကြတဲ့အတွက် မိမိတို့ပိုင်ဆိုင်တဲ့ သစ်သားအိမ်တွေကို ထင်းအဖြစ်...
BusinessNewsPolitic

ပေါက်တောဒေသခံ မူဆလင်တံငါသည်တွေကို စကမ ထောင်ဒဏ်ချမှတ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာက ဖမ်းဆီးသွားတဲ့ မူဆလင် တံငါသည် ၁၄ ဦးကို စစ်ကော်မရှင်က ထောင်ဒဏ်ချမှတ်လိုက်ပြီလို့ ဒေသတွင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တံငါသည်အလုပ်နဲ့ အသက်မွေးကြတဲ့ အဲဒီ မူဆလင်တွေဟာ ဒီလ စက်တင်ဘာ ၁၆ ရက်နေ့...