Month : ဇွန် 2026

NewsPolitic

ကျောက်တော် ဗုံးကြဲခံရမှုတွင် အမျိုးသားတစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၀ ဦးထိ ရှိလာ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၅ ဇွန် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို ရွေးတုအစိုးရတပ်က ဇွန်လ ၁၇ ရက် နေ့လည် ၃ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂၃ လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွင် အမျိုးသားတစ်ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၁၀ ဦးအထိ ရှိလာနေပြီလို့ သိရပါတယ်။ “မနေ့က...
News

ကျောက်ဖြူမြို့ထဲမှာ ဆရာဝန် ၃ ဦး ထပ်မံခန့်ထား

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့ထဲမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အရင်က ဆရာဝန်တစ်ဦးပဲရှိရာမှ အခုအခါမှာတော့ ဆရာဝန် ၃ ဦး ထပ်မံခန့်ထားတဲ့အတွက် ရောက်နေတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “အခုကျောက်ဖြူမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ ဆရာဝန်တွေလည်း ၃ ယောက်လောက် ရောက်နေကြပြီ။ ဆရာဝန်ကြီးလည်း...
NewsPolitic

ဂွမြို့နယ်ကို ညသန်းခေါင် ရွေးတုအစိုးရတပ် ဗုံး ၂ ကြိမ်ကြဲ၊ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၆) ရက္ခိုင်ပြည် ဂွမြို့နယ်ကို ဇွန်လ ၂၃ ရက် ညသန်းခေါင်တွင် ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲချသွားခဲ့တယ်လို့ သိရပါတယ်။ “ည ၁၀ နာရီခွဲလောက်မှာ ၂ ကြိမ် ချသွားတာ၊ မနက်မှ သိရတာကတော့ ကံ့ကော်တောင်ရွာကို...
NewsPolitic

မောင်တောကို လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးငယ်နှစ်ဦး ဒဏ်ရာရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၆) အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ မောင်တောမြို့ပေါ် အမှတ် (၄) ရပ်ကွက်အတွင်းကို ဇွန်လ ၂၄ ရက် ယနေ့ ၁၁ နာရီခွဲ ဝန်းကျင်ခန့်က လက်နက်ကြီးကျည်နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုအတွင်း အမျိုးသမီးငယ်နှစ်ဦး...
EnvironmentNewsPolitic

အပင်စိုက်ပြီး အပင်ဖြစ်လာအောင် နောက်ဆက်တွဲ ဂရုစိုက်ဖို့ “စိမ်းလန်းစီ” တိုက်တွန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၆) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးကို ရည်ရွယ်ပြီး ရက္ခိုင်ပြည်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုများပြုလုပ်နေပြီး သစ်ပင်စိုက်ပြီးနောက်မှာလည်း သစ်ပင်တစ်ပင်ဖြစ်လာအောင် နောက်ဆက်တွဲကိုလည်း ဂရုစိုက်ပေးဖို့ “စိမ်းလန်းစီ” အဖွဲ့က တိုက်တွန်းလိုက်ပါတယ်၊ “စိုက်ပျိုးသူတွေအနေနဲ့ ကိုယ်တို့စိုက်ခဲ့တဲ့ အပင်လေးတွေကို အရေးတစိုက် ပေါင်းနုတ်ပေးဖို့၊ မိုးနည်းတဲ့ကာလတွေမှာ ရေရအောင်...
NewsPolitic

မြောက်ပိုင်းအဖွဲ့ကို နေပြည်တော်ဖိတ်ခေါ်မယ့်ကိစ္စ ဘယ်လိုအခင်းအကျင်းဖြစ်နိုင်လဲ

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၃ ဇွန် ၂၀၂၆) စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဖြစ်တဲ့ NSPNC အနေနဲ့ ဩဂုတ်လမှာ မြောက်ပိုင်း အဖွဲ့တွေကို နေပြည်တော်လာဖို့ ဖိတ်ခေါ်သွားမယ်လို့ NDAA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ဧရာဝတီသတင်းဌာနကို ဖြေကြားထားချက်အရ သိရပါတယ်။ အယောင်ဆောင်သမ္မတ ဦးမင်းအောင်လှိုင်က ရက်ပေါင်း ၁၀၀ အတွင်း...
NewsPolitic

မင်းတုန်းကို ထိုးလာတဲ့ ရွေးတုအစိုးရတပ်စစ်ကြောင်းကို AA ဒရုန်းနဲ့တိုက်ခိုက် ထိခိုက်ဒဏ်ရာရသူများပြား

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၃ ဇွန် ၂၀၂၆) မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်ကနေ ရက္ခိုင်ရိုးမကို ထိုးလာတဲ့ ရွေးတုအစိုးရတပ်စစ်ကြောင်းကို ဇွန်လ ၂၁ ရက်တွင် အာရက္ခတပ်တော်က ဒရုန်းနဲ့ တိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့တယ်လို့ သိရပါတယ်။ “စစ်တပ်က စစ်ကြောင်းထိုးရင်းနဲ့ ခဏနားဖို့ ယာယီစခန်းလုပ်ထားပါတယ်။ သဖန်ရောင်နဲ့ ဝက်ကော်ရွာနားမှာပါလေ။...
NewsPolitic

ရေကြည်က ၁၈၈ တောင်ကုန်းစခန်းကို AA သိမ်းပိုက်

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၃ ဇွန် ၂၀၂၆) ဧရာဝတီတိုင်း ကျုံပျော်ခရိုင် ရေကြည်မြို့နယ်က ရွေးတုအစိုးရတပ်ရဲ့ ၁၈၈ တောင်ကုန်းစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ဇွန်လ ၂၀ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ်။ ၁၈၈ တောင်ကုန်းကို ရလိုက်တာလေ။ သတင်းတွေလည်း တက်နေပါပြီ။ ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူး။...
NewsPolitic

MNDAA ထိန်းချုပ်ရာက စစ်ရှောင်တွေကို AA ဆန်လှူဒါန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၃ ဇွန် ၂၀၂၆) ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတဲ့ ပန်ဆိုင်းမြို့နယ်ရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများနဲ့ စစ်ရှောင်များကို ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီခန့်တွင် အာရက္ခတပ်တော် (AA) က ဆန်အိတ်တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ “ဒီမှာက တိုက်ပွဲကာလအတွင်း ရောက်လာတဲ့သူတွေလည်း...
EnvironmentNewsPolitic

ရက္ခိုင်မြောက်ပိုင်းနဲ့ ရိုးမတောင်ခြေတွေမှာ ရေကြီးမြေပြိုမှုတွေအတွက် အရေးပေါ် အဆင့်သင့် ပြင်ထားရန်လို

Rakhita Times
အာရက္ခတိုင်းမ်စ် (၂၂ ဇွန် ၂၀၂၆) ရက္ခိုင်ပြည်မြောက်ပိုင်းနဲ့ ရက္ခိုင်ရိုးမတောင်ခြေ လမ်းပိုင်းတွေမှာ ရေကြီးမြေပြိုမှုတွေအတွက် အရေးပေါ် အဆင့်သင့် ပြင်ထားကြရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။ မိုးလွန်ကဲမှုဗဟိုချက် (Core Zone) ဟာ မြန်မာနိုင်ငံ ရက္ခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အနည်းငယ် ရွေ့လျားသွားသော်လည်း၊ အရှိန်ပြင်းတဲ့ မုတ်သုံဆွဲအားကြောင့်...