ကျောက်ဖြူတွင် ရွေးတုအစိုးရ ထိုးစစ်မဆင်ဘဲ အထိနာခဲ့တဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေ
အာရက္ခတိုင်းမ်စ် (၂၆ ဇွန် ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ရွေးတုအစိုးရက အဝတောင်ကနေ ထိုးစစ်မဆင်တော့ဘဲ အထိနာခဲ့တဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “အဝတောင်ကနေ ထိုးလိုက် အကျအဆုံးနဲ့ တပ်ပြန်ဆုတ်လိုက်၊ ထပ်ထိုးလိုက် တပ်လန်ပြီး ပြန်ဆုတ်လိုက်နဲ့ အကြိမ်ကြိမ် လုပ်ပြီးတော့ အခုတော့ ထပ်မထိုးတော့ဘဲ...
