NewsPolitic

သံတွဲ ကြံ့ခိုင်ရေး နှင့် စစ်သားစုဆောင်းရေးရုံး ကို စစ်ကောင်စီ ဗုံးကျဲ၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

Featured Video Play Icon

သံတွဲ ကြံ့ခိုင်ရေး နှင့် စစ်သားစုဆောင်းရေးရုံး ကို စစ်ကောင်စီ ဗုံးကျဲ၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၅-အောက်တိုဘာ-၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံး နဲ့ တပ်သားစုဆောင်းရေးရုံးကို စစ်ကောက်စီမှ ယမန်နေ့ (၂၄ရက်) မနက် ၄နာရီခန့်က လာရောက် ဗုံးကျဲခဲ့သဖြင့် အဆောက်အဦးများ ပျက်ဆီးသွားပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

“ မနေ့က သံတွဲကို ဗုံးကျဲခံရတယ်။ မနက် ၄ နာရီမှာ၊ အံတော်ရွာထိပ်က ကြံ့ခိုင်ရေးရုံး နဲ့ စစ်သားစုဆောင်းရေးရုံးကို လာဖျက်ဆီးတာထင်တယ်။ အဆောက်အဦးတွေ ပျက်ဆီးသွားတယ်။ ကလေးတစ်ယောက်တော့ ထိခိုက်ဒဏ်ရာရသွားတယ်” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ် ကို ပြောပါတယ်။

ယမန်နေ့ နံနက်က ၄ နာရီကျော်က စစ်ကောင်စီရဲ့ လေယာဥ်ဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကျဲခဲ့သဖြင့် စစ်ကောင်စီရဲ့ ရုံးနှစ်ရုံး ပျက်ဆီးခဲ့ရပြီး အံတော်ရွာအဝင်က နေအိမ်အချို့လည်း ထိခိုက်ပျက်ဆီးသွားကြောင်း သိရပါတယ်။

“ ဒီရက်ပိုင်းမှာ လေယာဥ်အန္တရာယ်ကို ပိုပြီးတော့ သတိပြုကြပါ။ အမ်းစစ်ပွဲကြောင့် ရခိုင်ဘက်ကို လေယာဥ်တွေ တောက်လျောက်လာနေပါတယ်။ အသက်ကို ညဏ်စောင့်ကြပါစေ” လို့ စာရေးဆရာ နှင့် ပရဟိတတက်ကြွသူ ဆရာဝေဟင်အောင် က သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သတိပေးထားပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများကို မကြာခဏ လေယာဥ်ဖြင့် ဗုံးလာကျဲခြင်းပြုလုပ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြောင့် ဇူလိုင်၊ သြဂုတ် နှင့် စက်တင်ဘာလ ၃ လ အတွင် ပြည်သူ ၁၂၄၄ ဦး သေဆုံးခဲ့ကြောင်း ညဏ်လင်းသစ်သုတေတေအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Related posts

၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော် ပြန်လည်သိမ်းပိုက်

Rakhita Times

မြောက်ဦးကို ဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ဆို

Rakhita Times

စစ်တွေမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်နေ့ကို ဦးဇော်အေးမောင် နဲ့ ဒေါ်အေးနုစိန် တက်ရောက်

Rakhita Times

2 comments

ab-resurs ဇန်နဝါရီ 11, 2026 at 10:21 မနက်

Тяговые аккумуляторные https://ab-resurs.ru батареи для складской техники: погрузчики, ричтраки, электротележки, штабелеры. Новые АКБ с гарантией, помощь в подборе, совместимость с популярными моделями, доставка и сервисное сопровождение.

Reply
i-tec ဇန်နဝါရီ 16, 2026 at 3:36 ညနေ

Мультимедийный интегратор здесь интеграция мультимедийных систем под ключ для офисов и объектов. Проектирование, поставка, монтаж и настройка аудио-видео, видеостен, LED, переговорных и конференц-залов. Гарантия и сервис.

Reply

Leave a Comment