NewsPolitic

သိမ်းပိုက်ထားတဲ့ မြို့တွေကို ULA/AA က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်

သိမ်းပိုက်ထားတဲ့ မြို့တွေကို ULA/AA က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်

အာရက္ခတိုင်းမ်စ် (၄ နိုဝင်ဘာ ၂၀၂၄)

အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိထားတဲ့ မြို့၊ ရွာ၊ နယ်မြေတွေကို ULA/AA ဦးဆောင်ပြီး အာရက္ခပြည်သူလူထုနဲ့အတူ ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းတွေ၊ မြို့သန့်ရှင်းရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

စစ်ဘေးသင့် မြို့ရွာဒေသတွေ ပြန်လည်သန့်ရှင်း သာယာလှပလာစေရေး အာရက္ခစစ်သည်တော်တွေ၊ အာရက္ခလုံခြုံရေး တပ်ဖွဲ့တွေ၊ စည်ပင်ဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေက ပြည်သူလူထုနဲ့အတူ ပူပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရက္ခိုင်ပြည် နဲ့ ချင်းပြည်နယ်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ တောင်ပြို၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ သံတွဲ၊ ဆမီးနှင့် ပလက်ဝမြို့တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိထားပါတယ်။

ဓါတ်ပုံ – Arakan Princess Media

Related posts

ပဒါန်းက စစ်ကူလာတဲ့ စစ်ကူ ကား ၂ စီး AA စောင့်ကြိုတိုက်ခိုက်၊ လက်နက်နဲ့ အလောင်းအချို့ ရရှိ

Rakhita Times

ရက္ခိုင်မြောက်ပိုင်းတွင် တောင်ပြို/မြေပြို အန္တရာယ် အလွန်စိုးရိမ်ရ

Rakhita Times

AA တိုက်ခိုက်မှုကြောင့် စစ်သင်္ဘောမီးလောင်သွား

Rakhita Times

639 comments

Leave a Comment