NewsPolitic

KIO ဥက္ကဌဟောင်း ခရစ်တော်မှာ အိပ်ပျော်ခြင်းအပေါ် AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

အာရက္ခတိုင်းမ်စ် (၁၇ မေ ၂၀၂၅)

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌဟောင်း Salang Lanyaw Zawng Hra ဟာ ၂၀၂၅ ခုနှစ် မေလ ၁၅ ရက် မနက် ၇ နာရီ ၁၅ မိနစ်တွင် ခရစ်တော်ခြေရင်းတွင် အိပ်ပျော်သွာတယ်လို့ ကြားသိရသည့်အတွက် မိသားစု၊ ဆွေမျိုး၊ အဖွဲ့အစည်းနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်လို့ အာရက္ခတပ်တော်ရဲ့ သဝဏ်လွှာတွင် ဖော်ပြပါရှိပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ ဥက္ကဌဟောင်း Salang Lanyaw Zawng Hra ကို ၁၉၃၈ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် အဖ Saland Lanyaw Tu နဲ့ အမိ Jan Nai Kai တို့ရဲ့ စတုတ္ထမြောက်သားဖြစ်ပါတယ်။

Saland Lanyaw Zawng Hra သည် ကချင်လွတ်လပ်ရေးအဖွဲ့ကို ၁၉၆၃ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ဒုဥက္ကဌအဖြစ်လည်းကောင်း ၂၀၀၆ ခုနှစ်တွင် ဥက္ကဌတာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့အစည်းတွင် ၅၅ နှစ်တိုင် တော်လှန်ရေးတာဝန် အဖွဲ့အစည်းတာဝန်များကို မညီးမညူ ထမ်းဆောင်ခဲ့တဲ့ ဥက္ကဌဟောင်း Saland Lanyaw Zawng Hra ခရစ်တော်တွင် ကောင်းစွာ အိပ်ပျော်ပါစေလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်လို့လည်း ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ဖော်ပြပါရှိပါတယ်။

Related posts

စစ်ကောင်စီရဲ့ လေယာဥ်ကနေ ဗုံးကျဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူများ စာရင်း

Rakhita Times

ကပစ ၁၆ က စစ်ကြောင်းထိုးလာတဲ့ စကမ စစ်ကြောင်း AA ကြားဖြတ်တိုက်လို့ ပြန်ဆုတ်ပြေး

Rakhita Times

အမ်း-ပဒါန်းလမ်းက ကင်းစခန်းနှစ်ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံး

Rakhita Times

404 comments

Leave a Comment