NewsPolitic

ရန်ကုန်တွင် သံတွဲသား ၁ ဦး ဓါးထိုးသတ်ခံရ

အာရက္ခတိုင်းမ်စ် (၁၁ ဇွန် ၂၀၂၅)

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ထွေ/အုပ် ရုံးတွင် ဒီကနေ့ မနက် ၁၀ နာရီခန့်က သံတွဲသား ၁ ဦး ဓါးထိုး အသတ်ခံရတယ်လို့ သိရပါတယ်။

အသတ်ခံရသူမှာ သံတွဲမြို့နယ် နန်းချောင်းကျေးရွာက အသက် ၃၆ နှစ်အရွယ် ကိုအောင်မြင့်မြတ်ဖြစ်ပြီး သူဟာ ထွေ/အုပ်ရုံးတွင် စစ်ရှောင်တွဲဖက်တာဝန်ထမ်းဆောင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

“ငွေကြေး အရှုပ်အရှင်းလို့တော့ ကြားတယ်။ သတ်တဲ့သူက အဲဒီ ထွေ/အုပ်ရုံးမှာ နေ့စား အလုပ်လုပ်နေတာ၊ စကားများပြီး နံကြားကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွးတယ်” လို့ ရန်ကုန်ရောက် သံတွဲမြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သံတွဲမြို့နယ် နန်းချောင်းကျေးရွာက ကိုအောင်မြင့်မြတ်ဟာ သံတွဲမြို့ ထွေ/အုပ်ရုံးတွင် ယခင်က တာဝန်ထမ်းဆောင်ခဲ့ပြီး အာရက္ခတပ်တော်က သံတွဲမြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ် ရန်ကုန်မြို့သို့ စစ်ရှောင်သွားရင်း မရမ်းကုန်းမြို့နယ်က ထွေ/အုပ်ရုံးမှာ တွဲဖက်တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

အဆိုပါ အောင်မြင့်မြတ်ကို ဓါးနဲ့ ထိုးသတ်သွားသူ အသတ် ၅၃ နှစ်အရွယ် ကိုကျော်စိုးမင်းဟာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယခုအချိန် ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

Related posts

စစ်တွေမြို့ပြင်မှာ အာရက္ခတပ်တော်နဲ့ စကမတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

AA သိမ်းပိုက်ထားနဲ့ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အမတ ၃၄၄ က စစ်ကြောင်း တပ်ပျက်ကာ ဆုတ်ခွာသွား

Rakhita Times

ရက္ခိုင်တိုက်ပွဲရှောင်တွေကို နေရပ်ပြန်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား

Rakhita Times

8 comments

Leave a Comment