အာရက္ခတိုင်းမ်စ် (၁၈ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် မောင်တောမြို့နယ် မြောက်ပိုင်း တမန်းသားကျေးရွာက ဒေသခံ ၅ ဦးဟာ ဈေးရောင်းသွားရာကနေ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး သတင်းအစအနမရ ပျောက်နေကြတယ်လို့ ဒေသခံကျေးရွာသားတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ပျောက်နေကြသူကတော့ တမန်းသားကျေးရွာက အသက် (၃၈) နှစ် အရွယ် အေးစန္ဒာနွယ်၊ အသက် (၄၁) နှစ် အရွယ် မောင်မောင်လှိုင်၊ အသက် (၃၉) နှစ် အရွယ် မောင်အေးလှိုင်၊ အသက် (၃၉) နှစ်အရွယ် မောင်စိုးလှိုင်နဲ့ အသက် (၄၂) နှစ် အရွယ် မောင်ကျန်သိန်းတို့ ဖြစ်ပါတယ်။
သူတို့အထဲက အေးစန္ဒာနွယ်၊ မောင်မောင်လှိုင်၊ မောင်အေးလှိုင်တို့ (၃) ဦး ဟာ စက်တင်ဘာလ အစောပိုင်းကတည်းက တမန်းသားကျေးရွာအထက်ပိုင်း ဆယ်မိုင်ခန့်အကွာမှာရှိတဲ့ အင်းချောင်းကျေးရွာ (မြို) ကို ဈေးရောင်း သွားရောက်ခဲ့ကြတာပါ။
သူတို့ (၃) ဦး အပြန်နောက်ကျနေကြတဲ့အတွက် တမန်းသားကျေးရွာက လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ မောင်စိုးလှိုင်နဲ့ မောင်ကျန်သိန်းတို့ နှစ်ဦးက အင်းချောင်းကျေးရွာကို လိုက်သွားခဲ့ကြပါတယ်လို့ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီ ဒေသခံ (၅) ဦးလုံးရဲ့ သတင်းအစအနမရ ပျောက်နေကြတဲ့အတွက် မိသားစုဝင်တွေ စိုးရိမ်နေကြတာလည်း ဖြစ်ပါတယ်။
အဲဒီ ပျောက်နေကြသူတွေထဲက မောင်မောင်လှိုင်ဆိုသူဟာ ဒီလ စက်တင်ဘာ ၈ ရက်နေ့ မိသားစုဝင်တစ်ယောက်နဲ့ လူမှုကွန်ရက် စာမျက်နှာတခုဖြစ်တဲ့ မက်ဆင်ဂျာ (Messenger) ကနေတဆင့် နောက်ဆုံး အဆက်အသွယ် ရခဲ့တယ်လို့ ဆိုပါတယ်။
“သူက ဘင်္ဂလာနယ်စပ် ကျောက်လုံးရွာ (မြို) အထက် အင်းချောင်းကို အလုပ်ကိစ္စနဲ့ ရောက်နေတယ်လို့ ပြောတယ်။ နောက်တစ်ရက် နှစ်ရက်ဆို ပြန်မယ်လို့ ပြောတယ်။ အခု အဆက်အသွယ်မရတော့ဘူး။ ဘာဖြစ်နေလဲဆိုတာကိုလည်း ဘာမှ မသိရသေးဘူး။ အိမ်က မိသားစုဝင်တွေအားလုံး စိတ်ပူနေကြတယ်” လို့ မိသားစုဝင်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သူတို့ ရောက်ရှိနေခဲ့တဲ့ အင်းချောင်းကျေးရွာအနီးမှာ အာရက္ခတပ်တော် (AA) နဲ့ မူဆလင်စစ်သွေးကြွ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တစ်ခုဟာ ဒီလ စက်တင်ဘာလ ၁၆ ရက်ကနေ ၁၇ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။
အင်းချောင်းကျေးရွာမှာ နေထိုင်ကြသူအများစုကတော့ မြိုတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက် အဲဒီကျေးရွာသားတွေ တစ်ယောက်မှ မရှိကြတော့ဘူးလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဲဒီဘက်မှာ ၁၆ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်နေတာ။ အခု အင်းချောင်းရွာက မြိုတွေ တစ်ယောက်မှ မရှိတော့ဘူးလို့ သိရတယ်။ အဲဒီနယ်မြေက မူဆလင်အကြမ်းဘက်သမားတွေ လှုပ်ရှားတဲ့ နေရာတခုလည်း ဖြစ်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ တမန်းသားကျေးရွာက ပျောက်နေကြသူ (၅) ဦးနဲ့ မိသားစုဝင်တွေအဆက်အသွယ် ပြတ်တောက်နေတာ တပတ်ကျော်ကြာခဲ့တာလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – မောင်တောမြို့နယ် မြောက်ပိုင်း အင်းချောင်းကျေးရွာက မြိုတိုင်းရင်းသားတွေနဲ့ တမန်းသားကျေးရွာက မောင်မောင်လှိုင် အတူထိုင်နေကြတာကို စက်တင်ဘာလ ပထမအပတ်က မြင်တွေ့ရပုံ

2 comments
Клиника «Мед Алко» работает круглосуточно. Консультация нарколога доступна анонимно, а медицинский персонал соблюдает требования конфиденциальности и правила обработки персональных данных. Если близкого необходимо вывести из запоя, провести обследование или подготовить к процедуре, специалисты определяют последовательность шагов: детоксикация, диагностика, медикаментозное лечение, кодирование, психотерапия и при необходимости реабилитация. Именно комплексное лечение алкоголизма помогает воздействовать не только на физическое влечение, но и на психологические причины зависимости.
Ознакомиться с деталями – ceny-adresa-kodirovanie-ot-alkogolizma-moskva
Врач учитывает симптомы, риски, анамнез и семейную ситуацию, чтобы предложить подходящую программу.
Ознакомиться с деталями – кодирование от алкоголизма выезд на дом